Essential ဖုန်းတွေမှာ Oreo beta 3 update ရောက်ရှိနေပြီနော်..

Essential ဖုန်းတွေမှာ Oreo beta 3 update ရောက်ရှိနေပြီဆိုတဲ့အကြောင်း ကို လွန်ခဲ့တဲ့ရက်ကပဲ Essential ရဲ့ Twitter post တစ်ခုကနေသိရှိခဲ့ရတာဖြစ်ပါတယ်။ Oreo beta 3 update ရဲ့ File Size ကတော့ 106.5 MB ပဲဖြစ်ပါတယ်။ အခုထွက်ရှိထားတဲ့ Oreo beta 3 update မှာပြောင်းလဲသွားတဲ့ feature တွေနဲ့ ပြင်ဆင်မှုတွေကတော့ အောက်ပါပုံထဲကအတိုင်းပါပဲ။ Download ကိုတော့ Essential ရဲ့ Offical Developer Official Website ကနေရယူနိုင်ပါတယ်။

 

Oreo Beta 3 now available! from essential

Oreo ကတော့ Android ရဲ့နောက်ဆုံး version ပါ။ Essential ဟာ Oreo update ကို Beta အဆင့်နဲ့ဖြန့်တာ အခုဆိုရင် Beta 3 အထိရောက်ရှိလာပြီဖြစ်ပါတယ်။ Beta update တစ်ခုထွက်တိုင်း feature အသစ်တွေ၊ Bug တွေကို ပြင်ဆင်မှုတွေ တိုးမြှင့်လာပါတယ်။

အခု ထွက်ရှိထားတဲ့ Oreo beta 3 update မှာလည်း ပြီးခဲ့တဲ့ Oreo beta 2 update နဲ့ကွဲပြားနေတဲ့ ပြင်ဆင်မှုနှစ်ခုကို တွေ့ရမှာပါ။ ပထမတစ်ခု ကတော့ ဇန်နဝါရီ Security patch ဖြစ်သွားပြီး Spectre နဲ့ Meltdown ပြဿနာတွေ ပြင်ဆင်ထားမှုပါ။ ဒုတိယတစ်ခုကတော့ ဖုန်းကို Stable ဖြစ်အောင် Bug တွေကိုပြင်ဆင်ထားမှုပဲဖြစ်ပါတယ်။ Beta 2 update တုန်းကလွတ်သွားတဲ့ အရာတွေကိုပြန်လည်ပြင်ဆင်ပေးထားတာကြောင့် Security အပိုင်းကတော့ တော်တော်ကောင်းမွန်လာတာကိုတွေ့ ရမှာပါ။

 

Android Oreo အတွက် Beta version တွေပဲထွက်ရှိထားတဲ့ Essential ဟာ အခုထွက်ရှိထားတဲ့ Oreo Update Beta 3 update ပြီးရင်တော့ Oreo Stable Version ထွက်ရှိလာမှာပဲဖြစ်ပါတယ်။ တရားဝင်ဖော်ပြထားတာတော့ မဟုတ်ဘူးဗျ။ အပေါ်က Essential ရဲ့ Tweet ကို ကြည့်ပြီးခန့်မှန်းပြောလိုက်တာပါ။ Oreo beta 3 update မှာလည်း security အပိုင်းကတော်တော်စိတ်ချနေရပြီဖြစ်တာကြောင့်  မကြာခင်မှာပဲ Android Oreo stable version ကိုကျွန်တော်တို့ အနေနဲ့ တွေ့မြင်နိုင်တော့မှာ ဖြစ်ပါတယ်။

, ,

Leave a Reply

Your email address will not be published. Required fields are marked *