Android Oreo version 8.0 ကိုကျော်ပြီး Version 8.1 ထုတ်တော့မယ့် Essential!

Essential ဟာ Android Oreo 8.0 Beta version နဲ့အလုပ်ရှုပ်နေတာ လွန်ခဲ့တဲ့ရက်အနည်းငယ် ကတည်းကပါ။ ဒါပေမယ့် ဒီနေ့မှာတော့ Essential ဟာ Twitter ကနေကြေညာချက်တစ်ခုထုတ်ပြန်ပါတယ်။ ကြေညာချက်ကတော့ Oreo version 8.0 ကိုကျော်ပြီး 8.1 version ထုတ်မယ့်အကြောင်းပါ။

Essential ဖုန်းအသုံးပြုသူတွေရဲ့တုန့်ပြန်ချက်တွေနဲ့ စမ်းသပ်မှုတွေကြောင့် Android Oreo 8.0 ဟာဖုန်းတွေနဲ့ကိုက်ညီမှုမရှိတဲ့ Error ကိုသိရှိခဲ့တာဖြစ်ပါတယ်။ အဲ့တော့ Essential အနေနဲ့လည်း 8.0 version အတွက် error ကို 8.1 ကျမှ အားထည့်ပြီးတစ်ခါတည်းပေါင်း ရှင်းတော့မှာပါ။ Version အသစ်လည်းဖြစ်၊ Error လည်းကင်း တကယ်ကိုတစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်ပါပဲ။

တရားဝင်ကြေညာပြီးပြီဆိုတော့ Oreo 8.1 version အတွက် Beta program ကတော့မကြာခင်မှာပဲရောက်ရှိလာတော့မှာပါ။ Beta program ပြီးရင်တော့ Stable ဖြစ်တဲ့ Android Oreo 8.1 update ကိုရရှိနိုင်တော့မှာဖြစ်ပါတယ်။

 

Source (Twitter)

, ,

Leave a Reply

Your email address will not be published. Required fields are marked *