Selfie ဓာတ်ပုံတစ်ခုတည်းနဲ့ မျက်နှာ ပုံစံအမျိုးမျိုး ပြုလုပ်နိုင်တဲ့ FaceApp: Neural Face Magic

ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် app လေးကတော့ FaceApp: Neural Face Magic လို့ခေါ်တဲ့ မျက်နှာ ပုံစံအမျိုးမျိုးပြောင်းလို့ရတဲ့ app လေးပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ မျက်နှာကို ပြောင်းလဲမှုတွေ ဖန်တီးလိုက်ရင် ဘယ်လိုပုံစံမျိုးတွေ ဖြစ်လာမှာလဲဆိုတာ သိရှိနိုင်မယ့် app လေးတစ်ခုဖြစ်တာကြောင့် အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။

App ထဲဝင်လိုက်တာနဲ့ သင့်ရဲ့ မျက်နှာပုံစံနဲ့ ဓာတ်ပုံတစ်ပုံ ရိုက်ယူခိုင်းမှာပါ။ ဖုန်းရဲ့ gallery ထဲမှာရှိတဲ့ ဓာတ်ပုံတွေယူပြီးသုံးလို့လည်းရပါတယ်။ ဓာတ်ပုံကိုရပြီဆိုရင်တော့ poker-face , smile, baby , စတဲ့ မျက်နှာပုံစံတွေ အမျိုးမျိုး ပြောင်းကြည့်လို့ရပါတယ်။ ဒါ့အပြင် ယောကျာ်းမျက်နှာ၊ မိန်းမမျက်နှာ၊ အဘိုးအိုအဘွားအိုမျက်နှာ၊ ထိပ်ပြောင်မျက်နှာ၊ နှုတ်ခမ်းမွှေးနဲ့မျက်နှာ၊ ဟောလိဝုဒ် ဆယ်လီတွေပုံစံ မျက်နှာ စတဲ့ မျက်နှာပုံစံ အမျိုးမျိုးတွေကိုလည်း ပြောင်းလဲကြည့်လို့ရပါတယ်။

သူတို့ကိုသုံးချင်ရင်တော့ collage တွေအနေနဲ့ ပဲသုံးလို့ရမှာဖြစ်ပါတယ်။ အခု OP မိတ်ဆက်ပေးလိုက်တဲ့ feature တွေအပြင်
အရမ်းမိုက်တဲ့ အခြား မျက်နှာပုံစံတွေလည်းရှိပါသေးတယ်။ ဒါပေမယ့် သူတို့ကိုတော့ အခမဲ့အသုံးမပြုနိုင်ပါဘူး။ Premium feature ဝယ်ယူမှသာ သုံးနိုင်မှာဖြစ်ပါတယ်။ OP ကတော့အပျော်သဘောနဲ့ အသုံးပြုတာကြောင့် အခမဲ့ feature တွေကိုပဲကြိုက်ပါတယ် xD)။

နောက်တစ်ခုရှိတာက FaceApp အသုံးပြုရင် အင်တာနက် လိုအပ်ပါတယ်နော်။ ဒါပေမယ့် စိတ်မပူပါနဲ့ အရမ်းကြီး MB မစားတဲ့အတွက် ဘေ အများကြီး မကုန်ပါဘူး။ အောက်မှာ ဖော်ပြပေးထားတာလေးတွေက FaceApp အသုံးပြုပြီး ပြင်ထားတဲ့ မျက်နှာပုံစံလေးတွေပါ။ အရမ်းကို ပီပြင်လွန်းတာကြောင့် edit လုပ်လို့လုပ်ထားမှန်းတောင် မသိသာတာကိုတွေ့ရမှာပါ။

ဒီပုံက နဂိုက poker-face ခပ်တည်တည်မျက်နှာကို smile effect အသုံးပြုပြီး ရယ်အောင်လုပ်ထားတာပါ။

 

ဒီပုံကတော့ လူငယ်မျက်နှာကနေ လူအိုမျက်နှာပုံစံပြောင်းထားတာပါ။

 

လူကြီးမျက်နှာကနေ လူငယ်မျက်နှာ ပြောင်းထားတာပါ။

ပြောင်းထားတာလေးတွေကမိုက်တယ်နော် မိတ်ဆွေရော ဘယ်လိုရုပ်မျိုးလေးပြောင်းကြည့်ချင်လဲ… သူတို့တွေက Pro feature တွေမဟုတ်တဲ့အတွက် အခမဲ့ အသုံးပြုလို့ရပါတယ်။

Android, iOS နှစ်ခုလုံးအတွက် အသုံးပြုနိုင်ပါတယ်။ လတ်တလော နာမည်ကြီး လူကြိုက်များနေတဲ့ Application စာရင်းမှာ ပါဝင်နေတဲ့အတွက် Asiaapps ကဘော်ဒါတို့ အသုံးပြုကြည့်သင့်တယ်နော်။ ဖိုင်အရွယ်အစားကလည်း iOS 49.5 MB နဲ့ Android အတွက် 7.1 MB သေးသေးလေးပဲရှိပါတယ်။

 

Download link – Android/ IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *