Face Recognition Feature အသစ်တစ်ခုတိုးလာတဲ့ Facebook

Facebook မှာ Tools အသစ်ပါဝင်လာတဲ့အကြောင်းကို Facebook ကိုယ်တိုင်ကပဲ လွန်ခဲ့တဲ့အချိန်အနည်းအငယ်က ကြေညာခဲ့တာဖြစ်ပါတယ်။ Tools အသစ်ကတော့ Face Recognition Feature ကိုလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

Face Recognition ဆိုတဲ့အတိုင်းပဲ User တစ်ယောက်ရဲ့ မျက်နှာကို တခြား User တစ်ယောက်ရဲ့ ဓာတ်ပုံမှာ Scan မိတာနဲ့ ဓာတ်ပုံမှာပါဝင်ခံရတဲ့ User ကို Notification နဲ့တန်းပြီး အသိပေးမှာဖြစ်ပါတယ်။ Tag လုပ်လုပ်/ မလုပ်လုပ် တန်းပြီး အသိပေးမှာပါ။ အဲ့တော့ မိမိရဲ့ ဓာတ်ပုံယူပြီး Fake Account ဖန်တီးခံရခြင်းမှ ကင်းဝေးမှာဖြစ်ပါတယ်။

မိမိကို Tag မလုပ်လဲ Notification ပြမှာဖြစ်တာကြောင့် ပြဿနာမဖြစ်ခင် အချိန်မှီဖြေရှင်းနိုင်မှာလည်းဖြစ်ပါတယ်။ အဲ့ဒီ Feature ကိုမကြိုက်တဲ့လူတွေအတွက် Disable လုပ်နိုင်တဲ့ Option လည်းပါဝင်ပါတယ်။ အခု တစ်ပတ်အတွင်း Feature အသစ်နိုင်စတင်ထိတွေ့ရမှာပါ။ Face Recognition Technology အသုံးချပြီး Security System ကိုမြှင့်တင်ထားတာကြောင့် Facebook User တွေအနေနဲ့အရင်ကထက်ပြီး ပိုယုံကြည်စိတ်ချစွာသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Facebook ရဲ့ Face Recognition Feature အသစ်ကို Canada နဲ့ Europe ကလွဲလို့ကျန်တဲ့နေရာဒေသအားလုံးမှာ ဒီတစ်ပတ်ကစပြီး စတင်အသုံးပြုနိုင်ပါပြီ။

Effect များနေတဲ့ဓာတ်ပုံ နဲ့ Effect မပါတဲ့ဓာတ်ပုံ တူနေရင် Scan ဖတ်/မဖတ်ကိုတော့ နောက်ထပ် Facebook article တစ်ခုရေးဖြစ်တဲ့အခါကျရင်ပြန်ပြောပေးသွားမှာပါ။ စိတ်ဝင်စားရင်စောင့်ကြည့်ပါဉီး။ 😛

 

 

Source : phonearena

,

Leave a Reply

Your email address will not be published. Required fields are marked *