မြန်မာ့တပ်မတော်အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့ Account, Page တော်တော်များများ Facebook မှဖြုတ်ချခံရ

တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံးရဲ့ Page အပါအဝင် အဖွဲ့အစည်းတော်တော်များများရဲ့ Account, Page တွေကို အသုံးပြုခွင့်ပေးတော့မှာမဟုတ်ပဲ  ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း လွန်ခဲ့တဲ့နာရီအနည်းငယ်တုန်းက Facebook ဟာ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

ဖြုတ်ချလိုက်တဲ့ထဲမှာ Facebook account စုစုပေါင်း ၁၈ ခု၊ Instagram account ၁ ခုနဲ့ ပရိတ်သတ် ၁၂ မီလီယံလောက်အထိ Follow လုပ်ထားခြင်းကို ခံထားရတဲ့ Facebook page ပေါင်း ၅၂ ခုပါဝင်တယ်လို့သိရပါတယ်။ ပိတ်သိမ်းလိုက်တဲ့ Page တွေထဲမှာ တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ Page အပါအဝင် မြဝတီရုပ်မြင်သံကြားရဲ့ Page တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဖြုတ်ချလိုက်ပြီဖြစ်ပေမယ့် Account တွေ၊ Page တွေမှာရှိတဲ့ ဒေတာတွေကိုတော့ ထိန်းသိမ်းထားကြောင်းကိုလည်း သိရပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ရှာဖွေမှုအရ မြန်မာနိုင်ငံမှာ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းအချို့တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ဆိုထားပါတယ်။ အဲ့လို ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကိုအသုံးချပြီး လူမျိုးရေး၊ ဘာသာရေးတင်းမာမှုတွေ မြင့်မားလာအောင်ဖန်တီးနေတာမျိုးကို မလိုလားတာကြောင့် အခုလိုပိတ်ပင်မှုတွေပြုလုပ်ရတာဖြစ်တယ်လို့လဲ Facebook ကဆိုထားပါသေးတယ်။

ဒါ့အပြင် Facebook ဟာ မမှန်မကန်လုပ်ဆောင်နေတဲ့ Page ပေါင်း ၄၆ ခုနဲ့ Account ၁၂ ခုကိုလည်း သုံးစွဲသူတွေ ပိုမိုယုံယုံကြည်ကြည်နဲ့ သုံးစွဲနိုင်အောင် ဖြုတ်ချခဲ့သေးတာလည်းဖြစ်ပါတယ်။ Facebook ဟာသူဖြုတ်ချလိုက်တဲ့ Account တွေနဲ့ Page တွေရဲ့ ပုံရိပ်အချို့ကိုလည်း အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

Source

, , ,

Leave a Reply

Your email address will not be published. Required fields are marked *