အသုံးပြုသူအချို့ထိတွေ့ခွင့်ရရှိနေပြီဖြစ်တဲ့ Messenger ရဲ့ User Interface ဒီဇိုင်းအသစ်

Facebook ဟာတော့သူ့ရဲ့ Messenger app ကို အသုံးပြုသူတွေအသစ်အဆန်းအတွေ့အကြုံတစ်ခုခံစားရအောင် User Interface (UI) ဒီဇိုင်းပြန်လည်ရေးဆွဲပြီး ထုတ်လုပ်ပေးတော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလတုန်းကကျင်းပခဲ့တဲ့ F8 Facebook Developer Conference မှာကတိပေးခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ Facebook ဟာသူပေးခဲ့တဲ့ကတိအတိုင်း UI ဒီဇိုင်းအသစ်နဲ့ Messenger ကို User အချို့ဆီကို ချပြလိုက်ပြီဖြစ်ပါတယ်။ UI ဒီဇိုင်းအသစ် Messenger ဟာလက်ရှိမှာတော့ Server-side အနေနဲ့သာထွက်ရှိသေးတာပါ။

Image source: Android Police                                    

အပေါ်ကပုံရိပ်တွေကတော့ Messenger UI အသစ်ရဲ့ ဒီဇိုင်းအနေအထားတွေပါ။ အသုံးပြုရတာပိုပြီးလွယ်ကူပြီး ရိုးရိုးရှင်းရှင်းဖန်တီးပေးမယ် ဆိုတဲ့ကတိအတိုင်းပဲ Facebook ဟာသူ့ရဲ့ App မှာမလိုအပ်တဲ့ Tab တွေကိုဖြုတ်ချပေးထားတာကိုတွေ့ရမှာပါ။ အရင်က အောက်ဆုံးမှာ Home, People, Camera button, Games နဲ့ Discover ဆိုပြီးပါဝင်ခဲ့ပေမယ့် အခုတော့ Games နဲ့ Discover tab နှစ်ခုကိုပေါင်းလိုက်ပြီး Camera နဲ့ People ဆိုတဲ့ Tab ကိုရှင်းသွားအောင် ဖြုတ်ချပေးလိုက်တာပဲဖြစ်ပါတယ်။

Tab တွေနည်းနည်းပြုတ်သွားတော့ ကြည့်ကောင်းသွားသလို ဒီထက်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက Messenger မှာ Dark Theme ပါဝင်လာမယ်ဆိုတာပါပဲ။ အဖြုရောင်ပဲ တောက်လျှောက်အသုံးပြုလာရတဲ့ Messenger ကို အမည်းရောင်ဖုံးလွှမ်းနေတဲ့ Dark Theme ကိုအသုံးပြုနိုင်တော့မှာဆိုတော့ တော်တော်လေးစိတ်ဝင်စားမိပါတယ်။ Dark Theme နဲ့ပတ်သက်ပြီးတော့ Screenshot ထွက်ရှိလာခြင်းမရှိသေးပေမယ့် UI ကတော့ အောက်က Teaser ပုံလေးအတိုင်းပဲလာမှာဖြစ်ပါတယ်။

အပေါ်မှာပြောခဲ့သလိုပဲ Messenger UI ဒီဇိုင်း update လုပ်ထားတာက Server-side မှာပဲထွက်ရှိနေသေးတဲ့အတွက် ကျွန်တော်တို့ဆီရောက်ရှိလာဖို့ အချိန်တစ်ခုအထိစောင့်ရဉီးမှာပါ။ မီဒီယာတွေရဲ့ပြောကြားချက်အရ client-side ကိုရောက်ရှိဖို့ လပိုင်းလောက်စောင့်ရဉီးမယ်လို့ သိရပါတယ်။ ပြီးတော့ UI ဒီဇိုင်းပြောင်းလဲမှုဟာ update လုပ်စရာမလိုအပ်ပဲ အလိုလိုပြောင်းလဲသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

Via 1, 2

, ,

Leave a Reply

Your email address will not be published. Required fields are marked *