Facebook Messenger တွင် ပို့ပြီးသား Message များကိုပြန်ဖျက်နိုင်မည့် Unsend Feature ထည့်သွင်းတော့မည်

လောလောလတ်လတ်မှာတင် Facebook ဟာ အသုံးပြုသူတွေရဲ့ ဒေတာတွေပေါက်ကြားမှုရှိတယ်ဆိုတဲ့ ပြဿနာတွေပေါ်ပေါက်ခဲ့ပြီး ကမ္ဘာတစ်လွှားမှာ အထူးသဖြင့် အမေရိကမှာ Facebook သုံးစွဲသူတွေကြား ပွဲဆူမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ Facebook ကိုကျောခိုင်းထွက်သွားတဲ့ နာမည်ကြီးကုမ္ပဏီအများအပြားရှိလာသလို Facebook ကိုဝယ်ယူပြီး အပြီးအပိုင်ဖျက်သိမ်းချင်တယ်လို့
ဆိုလာသူလဲ ရှိနေပါတယ်။

တစ်ချိန်ထဲမှာ Facebook တည်ထောင်သူနဲ့ စီအီးအို Mark Zuckerberg တစ်ယောက် စုံစမ်းမေးမြန်းခံရတာတွေရှိခဲ့သလို ဧပြီလ ဆယ်ရက်နေ့က အထက်လွှတ်တော်မှာ ကြားနာမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလဆန်းက Facebook သုံးစွဲသူတွေဆီကို Mark Zuckerberg ပို့ထားတဲ့ message တွေ အဖျက်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သုံးစွဲသူတွေဆီက မကျေနပ်ကြောင်းစကားသံတွေထွက်လာခဲ့ပါသေးတယ်။

ဒီလိုပြဿနာတွေကြားမှာပဲ Facebook အနေနဲ့ပြုပြင်ပြောင်းလဲမှုများစွာဆက်လက်လုပ်ဆောင်ဖို့စီစဉ်မှုတွေရှိလာပါတယ်။ အဲ့ဒီထဲကတစ်ခုကတော့ Facebook messenger မှာ ပို့ပြီးသား message တွေကို ပြန်ဖျက်နိုင်မယ့် unsend feature ကိုထည့်သွင်းတော့မယ်လို့ ကြေငြာချက်တစ်ရပ်ထွက်ပေါ်လာတာပါ။

“ ဒီ Feature ကိုထည့်သွင်းဖို့ကျွန်တော်တို့ ဆွေးနွေးနေကြတာကြာပါပြီ။ အရင်ကတော့ Secret Conversation မှာ ကိုယ်ပို့ထားတဲ့ message တွေကို timer ပေးပြီးပြန်ဖျက်တာမျိုးထည့်သွင်းထားပါတယ်။ အခုဖန်တီးမယ့် unsend feature ကတော့ ဒီထက်ပိုကျယ်ပြန့်ပါတယ်။ ဒီ Feature ကိုထုတ်လုပ်ဖို့တော့ အချိန်ယူပြင်ဆင်ရဦးမှာပါ။” လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောဆိုခဲ့ပါတယ်

ဒါပေမယ့် ဒီ Feature က ဘယ်လိုအလုပ်လုပ်မယ်ဆိုတာကိုတော့ တိတိကျကျမပြောခဲ့ပါဘူး။ ဖြစ်နိုင်ခြေရှိတာက Secret Conversation မှာလို timer ထားပြီးပြန်ဖျက်တာမျိုးဖြစ်နိုင်တယ်လို့သိရပါတယ်။ ကိုယ်ပို့မယ့် messeng ကို အချိန်တစ်ခုသတ်မှတ်ပြီးပို့လိုက်ကာ အချိန်စေ့ရင် message ကပေးပို့သူရော၊ လက်ခံရရှိသူ နှစ်ဘက်လုံးမှာအလိုအလျှောက်ပျက်ပျယ်သွားတာမျိုးပါ။ အရင်က secret conversation မှာ ဒီလိုလုပ်လို့ရပေမယ့် အခု unsend feature ထည့်သွင်းပြီးရင်တော့ Secret Conversation သီးသန့်ဖွင့်စရာမလိုပဲ ကိုယ်ဆယ်သွယ်နေကြ Chat box မှာပဲ ဆက်သွယ်ပြောဆိုနိုင်မှာပါ။

ဒီ feature ပါဝင်လာရင်တော့ ကိုယ့်ရဲ့ chat log တွေကနေ ကိုယ့်ကိုနောက်ယောင်ခံလိုက်နိုင်တာမျိုးကို အတိုင်းအတာတစ်ခုအထိရှောင်ရှားနိုင်တော့မှာပါ။ ဒါပေမယ့် ကိုယ်နေ့စဉ်မိတ်ဆွေ၊ မိသားစုတွေနဲ့ ပြောဆိုမှုတွေနေ နောက်ယောင်ခံပြီး ads တွေပေးပို့တာမျိုးကိုတော့ ရှောင်ရှားနိုင်မယ်မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အပြောင်းအလဲတစ်ခုအနေနဲ့ Facebook ရဲ့ unsend feature ကို စောင့်မျှော်ကြည့်သင့်ပါတယ်။

 

Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *