အသုံးပြုသူရဲ့ အချက်အလက်တွေ အလွဲသုံးစားလုပ်နေတဲ့ App ၂၀၀ ကျော်ကို Facebook မှရှာတွေ့

မတ်လ၂၁ ရက်နေ့မှာ Facebook တည်ထောင်သူ Mark Zuckerberg က Facebook နဲ့ log in ဝင်ရတဲ့ Third party app တွေ ပုံမှန်ဟုတ်မဟုတ် သိရဖို့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်ပေးမယ်လို့ အသုံးပြုသူတွေကို ကတိပေးခဲ့ပါတယ်။ အဲ့ဒီကတိအတိုင်း App တစ်ထောင်ကျော်ရဲ့လုပ်ဆောင်ချက်တွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာတော့ App ၂၀၀ ကျော်က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အလွဲသုံးစားလုပ်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဆိုပါ App ၂၀၀ ကျော်ကို တစ်ခုချင်းစီ သေချာ ပြန်လည် စစ်ဆေးသွားမှာဖြစ်ပြီး အချက်အလက်တွေ အလွဲသုံးစားလုပ်နေကြောင်း သက်သေအထောက်အထားနဲ့ သေချာတွေ့ရှိပါက တားမြစ်ပိတ်ပင်သွားမယ်လို့သိရပါတယ်။ အခုလက်တလောမှာတော့ App တွေရဲ့ နာမည်တွေကို တရားဝင် ဖော်ပြထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ထပ်မံ စုံစမ်းစစ်ဆေးလို့ သေချာသွားပြီဆိုရင်တော့ နာမည်တွေနဲ့ တကွ အသိအလင်း သတင်း ထုတ်ပြန်သွားပြီး အသုံးပြုသူတွေထံ ကိုလည်း အကြောင်းကြားစာတွေ ပို့ပေးသွာမယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်ထဲက နောက်ဆုံး အကြောင်းအရာမှာ ခုလို ရေးသား ထားတာတွေ့ရပါတယ်။

“လူတွေရဲ့ Facebook အချက်အလက်တွေ အလွဲသုံးစားလုပ်နေတဲ့ App တွေအားလုံးကို စစ်ဆေးဖို့အတွက် ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ အချိန်လည်း တော်တော်ပေးရပါတယ်။ ခရေစေ့တွင်းကျ စစ်ဆေးပြီး အချိန်မီ အဆုံးသတ်နိုင်ဖို့အတွက် ကျွန်တော်တို့ သေသေရှာရှာ ကြိုးစားရှာဖွေနေပါတယ်။”
Source: newsroom.fb.com

ပုံစံကြည့်ရတာတော့ facebook က third party app တွေကို သမ တော့မယ်ထင်ပါတယ်။ Facebook အချက်အလက်တွေကို အလွဲသုံးစားလုပ်နေတဲ့ App ၂၀၀ ကျော်ရဲ့ နာမည်တွေနဲ့သူတို့ တကယ်ပဲ ဖျက်သိမ်းခံရတော့မှာလားဆိုတာ အားလုံး သိချင်နေကြမှာပဲ။ နောက်ထပ်စစ်ဆေးတွေ့ရှိချက်တွေကိုလည်း အချိန်နှင့် တပြေးညီ update လုပ်ပေးသွားမယ်လို့သိရတဲ့အတွက် သတင်းထူးရင် Asiaapps က ထပ်မံအသိပေးသွားပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *