မကြာခင် ရောက်ရှိလာတော့မယ့် Facebook ရဲ့ unsend feature

သူငယ်ချင်းတို့ရေ Facebook messenger မှာ စာတွေ ဖျက်လို့ရတော့မယ်နော်။ ဒီအကြောင်းကို အရင်ကလည်း ပြောဖူးတဲ့ အတွက် သိနှင့်ပြီးကြမှာပါ။ Messenger unsend feature နဲ့ ပတ်သက်ပြီး သိသင့်တာလေးတစ်ခုကို ဒီတစ်ခေါက်ထပ်ပြီး ပြောပေးသွားမှာဖြစ်ပါတယ်။

အဲ့တာက ကိုယ်ပို့ပြီးသား စာကို ပြန်ပြီး unsend (မပို့) ချင်တော့ဘူးဆိုရင် Facebook Messenger က သင့်ကို အချိန် ၁၀ မိနစ်ပေးထားမယ်ဆိုတဲ့ အကြောင်းပါ။ အချိန် ၁၀ မိနစ် အတွင်း ပို့လိုက်တဲ့စာကို ဖျက်လို့ရနိုင်မှာဖြစ်ပြီး ၁၀ မိနစ်ကျော်သွားရင်တော့ ဖျက်လို့ရမှာမဟုတ်တော့ပါဘူး။ တကယ်လို့ သင်က ဓာတ်ပုံ အမှားတွေ၊ သတင်းအမှားတွေ၊ ဒါမှမဟုတ် လူမှားပြီး စာပို့မိတာတွေ လုပ် မိရင် ပို့ပြီး ၁၀ မိနစ် အတွင်း မှီအောင် ဖျက်ရမှာပါနော်။

အချိန်ကို အကန့်အသတ်နဲ့ ၁၀ မိနစ် စောင့်ခိုင်းရတဲ့ သဘောကတော့ ကိုယ်ပို့လိုက်တဲ့စာကို ပို့သင့်/ မပို့သင့် စဉ်းစားချိန် ပေးလိုက်တာ လို့ ထင်မိပါတယ်။ ၁၀ မိနစ် ဆိုတဲ့အချိန် ကာလ က အရမ်းကြီး မများပေမယ့် စဉ်းစားဖို့ အချိန်တော့ လုံလုံလောက်လောက်ရမှာပါ။ ပို့ထားပြီး တစ်ဖက်သူက seen ဖြစ်သွာတယ်ဆိုရင်တော့ unsend feature ကို သုံးလည်း အသုံးဝင်မှာ မဟုတ်တော့ပါဘူးနော်။

Unsend feature ကိုတော့ Messenger iOS ဗားရှင်း 191.0 မှာ အသုံးပြုသူတွေ အတွက် သီးသန့်ရောက်လာမယ်လို့ Release note ပေးထားကြောင်းသိရပါတယ်။ Unsend feature ကို ယခုနှစ် အစောပိုင်းတုန်းက Facebook ရဲ့ စီအီးအို Mark Zuckerberg messenger မှာ ပို့ထားတဲ့ message တွေကို တိတ်တဆိတ် delete လုပ်ခဲ့တယ်လို့ Facebook မှ ဝန်ခံခဲ့ချိန် April လ တုန်းကစတင်ခဲ့တာပါ။

ကဲ… ခုလောက်ဆိုရင်.. unsend feature အကြောင်း ကို တော်တော်လေး သိသွားကြပြီထင်ပါတယ်နော်… တစ်ခုရှိတာက release note ကို iOS ဗားရှင်း 191.0 မှာပေးထားတာဆိုတော့ Android အတွက် ရမှ ရပါ့မလားပေါ့နော်… အဲ့တာကိုတော့ ဆက်ပြီးစောင့်ကြည့်သွားရပါဦးမယ်။

Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *