တွဲဖက်​မစားသင့်တဲ့အစားစာ​တွေကိုဖုန်းထဲမှာတင်​အလွယ်​တူကြည့်နိုင်​မယ့် app

ဒီတစ်​ခါအစားတစ်​လိုင်​းဖြစ်​တဲ့ asia app ပရိတ်​သတ်​ကြီး​ရော၊ အိမ်​ရှင်​မများပါမကျန်​ လူတိုင်​းဆောင်​ထားသင်​့တဲ့ မရဏ အတွဲများဆိုတဲ့ မတည်​့တဲ့အစား​သောက်​​တွေ၊ တွဲမစားသင်​့တဲ့အစား​တွေကို နာမည်​ကြားရုံနဲ့​ရှောင်​နိုင်​​အောင်​ စုစည်​း​ပေးထားတဲ့ အပ်​ပလီ​ကေးရှင်​းနဲ့မိတ်​ဆက်ပေးမှာဖြစ်​ပါတယ်​။ အစာလဲ​ဆေး၊ ဆေးလဲအစာဆို​ပေမဲ့ အစားမ​တော်​တစ်​လုတ်​ အသွားမ​တော်​တစ်​လှမ်​း ဆိုသလိုမဖြစ်​ရ​အောင်​ မိမိစားလိုက်​တာကဘယ်​အရာနဲ့မတည်​့ဘူးဆိုတာသိ​တော့ အန္တရာယ်​မဖြစ်​​တော့ဘူး​ပေါ့။

အိမ်​ရှင်​မ​တွေအ​နေနဲ့ ကိုယ်​့မိသားစုအတွက်​ချက်​ပြုတ်​လုပ်​ကိုင်​တဲ့အခါ မတည်​့တဲ့ဟင်​း​တွေမစီစဉ်​မိ​အောင်​​ ​ရှောင်​နိုင်​တာမို့ တကယ်​ကို​ဆောင်​ထားသင်​့တဲ့ အပ်​ပလီ​ကေးရှင်​း​လေးဖြစ်​ပါတယ်​။ အက်​ပလီ​ကေးရှင်​းအသုံးပြုရတာကလဲရိုးရှင်​းပါတယ်​။

 

အင်​စ​တောလုပ်​ပြီ အပ်​ပလီ​ကေးရှင်​းထဲဝင်​လိုက်​တာနဲ့ (က) က​နေ (အ) အထိ အက္ခရာစဉ်ခွဲ​ပေးထားပါတယ်​။ မိမိစားတဲ့၊ ချက်​တဲ့ အရာသည်​ ဘာ​တွေနဲ့မတည်​့ဘူးလဲဆိုတာကိုအက္ခရာစဉ်အလိုက်​ရှာ​ဖွေနိုင်​ပါတယ်​။ ဥပမာ မိမိက​ချောကလတ်​စားထားတယ်​ ဆိုပါက ​ချောကလတ်​နဲ့ဘာနဲ့မတည်​့ဘူးလဲဆိုတာ သိချင်​ရင်​ (ခ) အက္ခရာစဉ်​ထဲဝင်​ပြီး ​ချောကလတ်​နဲ့ဘာနဲ့ မတည်​့ဘူးလဲဆိုတာရှာ​ဖွေနိုင်​ပါတယ်​။ ကျန်​တဲ့အက္ခရာစဉ်​တွေကိုလဲ အဲ့လိုပဲရှာ​ဖွေနိုင်​ပါတယ်​။ အစားတစ်​လုတ်​​ကြောင်​့ အန္တရာယ်​မဖြစ်​​လေ​အောင်​ ​လူတိုင်​း​ဆောင်​ထားသင်​့တဲ့ အပ်​ပလီ​ကေးရှင်​း​လေးတစ်​ခုဖြစ်​ပါတယ်​။ ဒီအပ်​ပလီ​ကေးရှင်​း​လေးကို​တော့ JAS က​နေထုတ်​လုပ်​​ပေးတာပဲဖြစ်​ပါတယ်​။ အသုံးပြုချင်​ပါက​အောက်​ပါလင့်ခ်တွင်​​ဒေါင်းယူနိုင်​ပါတယ်​။

Download Link – Andriod

,

Leave a Reply

Your email address will not be published. Required fields are marked *