Galaxy S9 ရဲ့နောက်ပိုင်းထွက်ရှိမယ့် Galaxy X ဟာ ခေါက်/ဖြန့် ပြုလုပ်နိုင်တဲ့စမတ်ဖုန်းအမျိုးအစားဖြစ်နိုင်

Samsung ရဲ့ နောက်ဆုံး Flagships ဖြစ်တဲ့ Galaxy S9 နဲ့ S9+ တို့အပြီး နောက်ပိုင်းမှာထွက်ရှိမယ့် Galaxy X ဟာတော့ ခေါက်/ဖြန့် ပြုလုပ်နိုင်တဲ့ စမတ်ဖုန်းအမျိုးအစားဖြစ်လာနိုင်ပါတယ်။ ဒီအကြောင်းကိုတော့ MWC မှာ Samsung Galaxy S9 ကိုမိတ်ဆက်ပြီးတဲ့အချိန် Samsung ရဲ့ CEO ဖြစ်သူ DJ Koh ကိုမေးမြန်းလိုက်တဲ့ အင်တာဗျူးတစ်ခုကိုကြည့်ပြီးခန့်မှန်းနိုင်တာဖြစ်ပါတယ်။

ပွဲမှာ အင်တာဗျူးသူက Koh ကို “ခေါက်/ဖြန့် ပြုလုပ်နိုင်တဲ့ စမတ်ဖုန်းအမျိုးအစား ၂၀၁၈ အတွင်းမှာထွက်ဖို့ အစီအစဉ်ရှိလားလို့” မေးလိုက်ရာမှာ Koh ဟာ ရှက်ပြုံးလေးတစ်ခုတုန့်ပြန်ပြီး “တစ်ခါတလေမှာငါနားမထောင်တတ်ဘူး ငါ့ရဲ့နားတွေကမကောင်းဘူး” လို့ ပြန်ဖြေခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကိုကြည့်ခြင်းဖြင့် Koh ဟာ ခေါက်/ဖြန့် ပြုလုပ်နိုင်တဲ့စမတ်ဖုန်း ကိုထုတ်လုပ်ဖို့အစီအစဉ်ရှိပေမယ့် အသုံးပြုသူတွေ/fan တွေ ကိုပေးမသိစေချင်သေးတဲ့ပုံစံဟာထင်ရှားပါတယ်။ Samsung ရဲ့ ခေါက်/ဖြန့် ပြုလုပ်နိုင်တဲ့ စမတ်ဖုန်းသတင်းဟာ MWC မှာမှ ပထမဉီးဆုံးထွက်ရှိတာတော့မဟုတ်ဘူးဗျ၊ ဇန်နဝါရီလမှာကျင်းပခဲ့တဲ့ CES 2018 တုန်းကလည်း တစ်ခါထွက်ရှိခဲ့တာဖြစ်ပါတယ်။

နောက်တစ်ခုပြောစရာရှိတာက Galaxy X အကြောင်းပါ။ Samsung Galaxy S9 ရဲ့နောက်ပိုင်းထွက်ရှိမယ့် စမတ်ဖုန်းဟာ Galaxy X ဖြစ်မလား Galaxy SX ဖြစ်မလား ဆိုတာကိုတောင် သေချာမပြောနိုင်သေးပါဘူး။  Samsung ရဲ့ နောက်ပိုင်း Flagships တွေရဲ့ သတင်းအားလုံး ကောလဟာလသာသာလေးတွေလို့ပဲဆိုရမှာပါ။ Galaxy S9 တုန်းကလည်း ကောလဟာလကနေတဆင့် တကယ်ဖြစ်လာခဲ့တာကြောင့် ကျွန်တော်တို့အနေနဲ့ အားလုံးကိုကြိုတင်မိတ်ဆက်ထားတာဖြစ်ပါတယ်။ Koh ရဲ့ကြေညာချက်ကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး မိတ်ဆွေကို Asiaapps ကနေဆင့်အသိပေးသွားမှာဖြစ်တာကြောင့် Stay tuned 😉

 

Via 1, 2

, ,

Leave a Reply

Your email address will not be published. Required fields are marked *