Geekbench မှ ချပြလိုက်တဲ့ Android 8.1 Oreo နဲ့ ထွက်ရှိလာမယ့် LGV40 ThinQ ရဲ့ စာရင်း

အကယ်၍ သင်ကအခုနှစ်အဆုံးပိုင်းမှာထွက်ရှိလာမယ့် Android ဖုန်းအကြောင်းကို သိချင်တယ်ဆိုရင် သင်သိရမယ့်အကြောင်းက LGV40 ThinQ ရဲ့အကြောင်းပါပဲ။ ဒီသတင်း ကို LG ပရိသတ် တွေကတော့လုံးဝကို စိတ်ဝင်စားကြမှာပါ။ LG V40 Thin Q ဟာ 9.0 pie အစား Android 8.1 Oreo နေရာမှာထွက်ရှိလာမယ်လို့သိရပါတယ်။ ဒါလေးကတော့ LG V40 Thin Q ရဲ့ အချက်အလက်လေးတွေပဲဖြစ်ပါတယ်။

Geekbench score sheet က ထုတ်ပြလိုက်တဲ့ စာရင်းအရ LGV40 Thin Q က Snapdragon 845 chipset၊ RAM 6GB နဲ့ ထွက်လာမယ် ဆိုတာကို သိရပါတယ်။ ဒါပေမယ့် Android version ကအဟောင်း ကြီးဖြစ်နေတာတော့ တကယ့်ကို အံ့သြစရာပါ။ Pre-production အနေအထားမှာပဲရှိနေသေးတာကြောင့် မထွက်ရှိလာခင်မှာပြောင်းလဲရင်လည်း ပြောင်းသွားနိုင်ပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့မှာ LG ရဲ့ event တစ်ခုကို New York မြို့မှာ ကျင်းပမှာဖြစ်တယ်လို့ သိရတဲ့အတွက် V40 ကို အဲ့ ဒီနေ့မှာ မြင်ရဖို့အတွက် မျှော်မှန်းထားလို့ ရနေပါပြီ။

V40 ဟာ ကြီးမားတဲ့ မျက်နှာပြင် ၆.၄ လက်မနဲ့ ထွက်ရှိလာနိုင်ဖွယ်ရှိပြီး Fingerprint sensor ကို ဖုန်းရဲ့ နောက်ကျောဘက်နေရောမှာ ထားထား တယ်လို့ သိရပါတယ်။ ပြီးတော့အနောက်ကင်မရာ ဟာလည်း ၃ ခုပါဝင်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် V40 က Platinum Gray, Moroccan Blue, နှင့် Carmine Red အရောင်ဆိုပြီး ၃ ခုထွက်ရှိလာမယ်လို့ သိရပါတယ်။ LG ကတော့ အရိပ်အမြွတ်အနေနဲ့ နူးညံ့တဲ့ ထိတွေ့မှု လေးကို ရယူခံစားနိုင်မယ်လို့ ဖော်ပြထားပါတယ်။ ဖုန်းရဲ့အနောက်ဘက်ပိုင်း ကိုတော့ မှန်နဲ့လုပ်တာလား သတ္တုနဲ့ လုပ်ထားတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဈေးနှုန်းပိုင်းကိုတော့ အရင် V စီးရီးတွေနဲ့ နှိုင်းယှဉ်ကြည့်ရရင် အမေရိကန် ဒေါ်လ ၉၀၀/ ၁၀၀၀ လို့ မှန်းထားကြပါတယ်။

V40 ThinQ ရဲ့ ပုံသဏ္ဏာန်က ဘယ်လိုမျိုးဖြစ်လာမှာလဲဆိုတာကို အားလုံးပဲ လုံးဝကို စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။ V40 ThinQ အတွက် Official announcement ကိုတော့ တစ်ပတ်ထက်မနည်းတဲ့ အချိန်ကာလမှာကြားရတော့မှာမယ်လို့သိရပါတယ်။ အဲ့တော့ official သတင်းနဲ့အတူထွက်ရှိလာမယ့် LG ThinQ ရဲ့ ပုံစံလေးကို အက်မင် နဲ့အတူတူ စောင့်ကြတာပေါ့နော်။

Via 1, 2

,

Leave a Reply

Your email address will not be published. Required fields are marked *