အိမ်မှာနေရင်း ကမ္ဘာတစ်ဝှမ်းက အဖိုးတန်ရှေးဟောင်း အနုပညာလက်ရာတွေကို လေ့လာနိုင်မယ့် Google Arts & Culture

ထူးခြားတဲ့ apk တွေကို အမြဲဖန်တီး ထုတ်လုပ်လေ့ရှိတဲ့ Google ရဲ့ application တစ်ခုဖြစ်ပါတယ်။ Application ရဲ့ နာမည်ကတော့ Google Arts & Culture ဖြစ်ပါတယ်။ Arts and culture ဆိုတဲ့ နာမည်အတိုင်း ကမ္ဘာအရပ်ရပ်က အနုပညာ ယဉ်ကျေးမှု ပြတိုက်ထဲ ရောက်သွားသလို ခံစားရမယ့် apk ဖြစ်ပါတယ်။

နိုင်ငံပေါင်း၇၀ကျော်က ပြတိုက် နဲ့ ပန်းချီပြခန်းပေါင်း ၁၂၀၀ ကျော်က သူတို့ရဲ့ပြခန်းပစ္စည်းတွေကို လူတိုင်းလေ့လာနိုင်စေဖို့အတွက် Google Arts & Culture apk နဲ့ ပူးပေါင်းထားခြင်းဖြစ်တယ်။ ပုံကို အနီးကပ်ကြည့်နိုင်တဲ့ feature ပါဝင်လို့ ကမ္ဘာ့ အဖိုးအတန်ဆုံး အနုပညာလက်ရာတွေကို အနီးကပ်အသေးစိတ် လေ့လာနိုင်ပါတယ်။  ကြိုက်နှစ်သက်တဲ့ အနုပညာလက်ရာတွေ တွေ့ရင်လည်း သိမ်းဆည်းထားလို့ရပါတယ်။


အသုံးပြုဖို့အတွက် Google account ရှိဖို့လိုအပ်ပြီး လေ့လာချင်တဲ့ အနုပညာလက်ရာတွေရှိရင် search မှာ နာမည်၊ အရောင် နဲ့ အချိန် တွေကိုရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။ နောက်ဆုံးအသစ်ထွက်ထားတဲ့ version ဖြစ်တဲ့ မျက်နှာကို Selfie ပုံရိုက်ပြီး သင်နဲ့ ရုပ်ချင်းဆင်တဲ့ ရှေးဟောင်း ပန်ချီကား ရှာဖွေတဲ့ feature ကတော့ စိတ်မကောင်းစွာနဲ့ US မှာပဲအသုံးပြုနိုင်ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာပါ အသုံးပြုနိုင်မယ်လို့ယူဆရပါတယ်။

နေ့စဉ်နေ့တိုင်း မရိုးနိုင်တဲ့ ကမ္ဘာတစ်ဝှမ်းက အနုပညာလက်ရာတွေကို မြင်တွေ့နိုင်မယ့် apk ဖြစ်တာမို့ အသုံးပြုကြည့်သင့်တဲ့ apk တွေထဲက တစ်ခုဖြစ်ပါတယ်။ Android, iOS နှစ်မျိုးစလုံးနဲ့ free to download အသုံးပြုနိုင်ပါတယ်။

 

Image Source – Google Arts & Culture

, ,

Leave a Reply

Your email address will not be published. Required fields are marked *