GIF platform တစ်ခုဖြစ်တဲ့ Tenor ကို ဝယ်ယူခဲ့တဲ့ Google

မကြာသေးခင်က Google ဟာ android, iOS နဲ့ Desktop အတွက် GIF platform တစ်ခုဖြစ်တဲ့ Tenor ကိုဝယ်ယူခဲ့ပါတယ်။ Tenor က Google images တွေနဲ့ Gboard ကဲ့သို့အခြားဝန်ဆောင်မှုတွေကို လွယ်ကူစွာ အသုံးပြုနိုင်ဖို့အတွက် ကူညီပေးမှာဖြစ်ပါတယ်။Tenor ကို Facebook ရဲ့ messenger ဝန်ဆောင်မှုမှာလည်း ထည့်သွင်းအသုံးပြုထားပါတယ်။

အခုလို ဝယ်ယူခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ Google အသုံးပြုသူတွေရဲ့ နေ့စဉ်နေ့တိုင်း သန်းပေါင်းများစွာသော GIFs တွေရှာဖွေထားမှုကို တွေ့ရှိနေခဲ့တာကြောင့်လို့ သိရပါတယ်။ Google ဟာ အခုလို Tenor GIF တွေကို ဝယ်ယူခဲ့တာကြောင့် အသုံးပြုသူတွေအနေဖြင့် Google မှာ အရင်ကထက် ပိုပြီး GIF တွေကိုရှာဖွေတွေ့ရှိနိုင်တော့မှာဖြစ်ပါတယ်။

Google က ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာတော့ အခုလို ပြောထားတာကို တွေ့ရပါတယ်။

“ကျွန်တော်တို့ Google Images တွေကို စတင်ထုတ်လုပ်တုန်းကတော့ ဓာတ်ပုံတွေရှာဖွေရလွယ်ကူစေဖို့ ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တာပါ။ နောက်ပိုင်း ဖုန်းအမျိုးအစားတွေ တဖြေးဖြေးပြောင်းလဲလာတာနဲ့အမျှ Google Images အသုံးပြုတွေရဲ့ ရည်ရွယ်ချက်ကလည်း ပြောင်းလဲခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ Google Images တွေကို သတင်းအချက်အလတ်တွေ ရှာဖွေဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ဝေမျှတဲ့ဖို့အတွက် အသုံးပြုကြတာကို တွေ့ရပါတယ်။ နေ့စဉ်နေ့တိုင်း GIFs ရှာဖွေတဲ့ လူသန်းပေါင်းများစွာကိုတွေ့ ရတဲ့အတွက် Tenor GIFs နဲ့ ပူးပေါင်းပြီး Android ,iOS နဲ့ Desktop တို့အတွက် GIFs တွေပိုမို ဖန်တီးပေးတာဖြစ်ပါတယ်”
Source: Google blog

Tenor ရဲ့ “GIF Keyboard” ဟာလည်း android နဲ့ iOS အသုံးပြုသူတွေကြားမှာ အသုံးပြုသူအများဆုံး app တစ်ခုအဖြစ်ရပ်တည်လျှက်ရှိပါတယ်။ Tenor ဟာ Google ရဲ့ separate brand တစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပြီး ကုမ္ပဏီဘက်မှလည်း Tenor ကို အခြား API partners တွေနဲ့ လက်တွဲဖို့အတွက် ကူညီပေးသွားမယ်လို့ သိရပါတယ်။

 

Source Via 1, 2

,

Leave a Reply

Your email address will not be published. Required fields are marked *