Desktop မှာ emoji တွေလွယ်လွယ်ကူကူအသုံးပြုနိုင်အောင် Feature အသစ်တစ်ခုထည့်သွင်းပေးတော့မယ့် Google Chrome 

Emoji ကတော့အာလုံးသိတဲ့အတိုင်း လက်ရှိ Social Media ခေတ်ကြီးမှာ အရေးပါဆုံးနဲ့ အသုံးများဆုံး အရာတစ်ခုဖြစ်ပါတယ်။ အဲ့ကောင်ကဖုန်းတွေမှာ Built-in ပါဝင်တာကြောင့် အသုံးပြုရတာ အဆင်ပြေပေမယ့် Desktop (အထူးသဖြင့် Window) တွေမှာတော့ Emoji Keyboard က Built-in မပါဝင်တာကြောင့် အသုံးပြုဖို့ နည်းနည်းလှမ်းနေတယ်လို့ပဲဆိုရမှာပါ။ (Mac OS မှာတော့ emoji keyboard က built-in ပါဝင်တာကြောင့် အေးအေးဆေးဆေး အသုံးပြုလို့ရပါတယ်။)

Mobile မှာထက် Desktop မှာအချိန်ကုန်တာများတဲ့ Emoji ချစ်သူတွေ Emoji ကို လွယ်လွယ်ကူကူအသုံးပြုနိုင်အောင် Google Chrome အနေနဲ့ Emoji Built-in feature တစ်ခုကိုထည့်သွင်းပေးတော့မှာပဲဖြစ်ပါတယ်။ နောက်လာမယ့် Chrome 67 version မှာထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ Google chrome မှာ Emoji လုံးဝသုံးလို့မရဘူးလား ဆိုတော့လည်း မဟုတ်ဘူးဗျ။ Chrome Web Store ကနေတဖန်ရှာ Download ဆွဲအသုံးပြုနိုင်ပါတယ်။ Built-in feature နဲ့တော့အနည်းငယ်ကွာဟနေမှာပါ။

Chrome Web Browser မှာ chrome://flags/ ထည့်လိုက်ပါ။

 

Search bar မှာ #enable-emoji-context-menu ရိုက်ထည့်လိုက်ပါ။

ကျွန်တော့်ရဲ့ Chrome ဟာ 65 version ဖြစ်နေတာကြောင့် Emoji keyboard ကိုမြင်တွေ့ရမှာမဟုတ်ပါဘူး။ မကြာခင်ထွက်ရှိလာမယ့် 67 version ကို update လုပ်ပြီးရင်တော့ Emoji keyboard ကို အပေါ်က နည်းအတိုင်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Chrome ရဲ့ 67 Stable version ရောက်ရှိလာမယ့်အချိန်ကိုဖော်ပြထားခြင်းမရှိပေမယ့် အချိန်ကြာကြာစောင့်ရဉီးမှာကတော့ အသေအချာပါပဲ။

 

Via 1, 2

, ,

Leave a Reply

Your email address will not be published. Required fields are marked *