Play Store Review တွေရဲ့ Edit History ကိုလူတိုင်းမြင်နိုင်အောင်ပြုလုပ်လိုက်ပြီဖြစ်တဲ့ Google

အရင်တုန်းက Play Store မှာကိုယ့်ရဲ့ Review တစ်ခုတည်းကိုသာ Edit History ဝင်ကြည့်လို့ရခဲ့တာပါ။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ Google ဟာ Play Store ပေါ်က Review တွေရဲ့ Edit History တိုင်းကို လူတိုင်းဝင်ကြည့်နိုင်အောင်ပြုလုပ်လိုက်ပါပြီ။ အဲ့ဒီပြုလုပ်ချက်ကြောင့် မိတ်ဆွေအနေနဲ့ Play Store ပေါ်က Review တိုင်းရဲ့ Edit History တွေကို ဝင်ကြည့်နိုင်ပြီဖြစ်သလို မိတ်ဆွေရဲ့ Edit History ကိုလည်း လူတိုင်းက ဝင်ကြည့်သွားနိုင်ပြီဖြစ်ပါတယ်။

သူများရဲ့ Edit History ကိုကြည့်ချင်ရင်ပုံထဲကပြထားတဲ့အတိုင်း More option ထဲက “View edit history” နှိပ်လိုက်ရုံပါပဲ။ Edit လုပ်ထားတဲ့စာမှန်သမျှပြန်ပေါ်လာမှာဖြစ်လို့ စိတ်ဝင်စားစရာပါပဲ။ လက်တလောအခြေအနေအရ မိတ်ဆွေ အနေနဲ့ Play Store မှာ Review တစ်ခုခုသွားပေးပြီး မှားသွားတယ်ဆိုရင် Edit အစား Delete ကိုအသုံးပြုပါလို့ ကျွန်တော်တို့ ဘက်ကအကြုံပြုပါရစေ (ဘာလို့လဲဆိုတော့ ကိုယ်မှားတာသူများမြင်ရင် impression down တယ်ဗျ ?)

View edit history ကတော့ လက်ရှိမှာတော့ Play Store App မှာပဲမြင်တွေ့ရဉီးမှာဖြစ်ပါတယ်။ Web Browser ကတဆင့် Play Store ကိုကြည့်မယ်ဆိုရင်တော့ Review တွေမှာ View edit history မြင်ရဉီးမှာမဟုတ်ပါဘူး။ Web Browser version အတွက် “View edit history” feature ကိုတော့ မကြာခင်အချိန်အတွင်း ရောက်ရှိလာဖို့ မျှော်မှန်းထားလို့ရပါတယ်။

 

Via

Leave a Reply

Your email address will not be published. Required fields are marked *