AI နည်းပညာပါဝင်တဲ့ Google News app ကတော့ Android/IOS မှာထွက်ရှိနေပြီနော်

AI နည်းပညာပါဝင်တဲ့ Google News app ကိုပြီးခဲ့တဲ့အပတ်က Google I/O 2018 မှာစတင်မိတ်ဆက်ကြေညာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ App Store နဲ့ Google Play Store ပေါ်တွေမှာရောက်ရှိနေပြီဖြစ်ပါတယ်။ Google News ဟာတော့ Hit ဖြစ်နေတဲ့ Media Website တွေကိုစုပေါင်းဖော်ပြပေးထားတဲ့ App တစ်ခုပါ။ နိုင်ငံတကာက သတင်းတွေသာမက ပြည်တွင်းသတင်းတွေပါ ပါဝင်တာကြောင့် အရာရာတိုင်းကိုအစောဆုံး သိချင်တဲ့ မိတ်ဆွေတွေအတွက်တော့ တော်တော်လေးအသုံးဝင်မှာပါ။

See also – Android P မှာပါဝင်မယ့် Power-saving tool အသစ်ကို Google I/O မှာမိတ်ဆက်လိုက်ပြီ

App ကိုအသုံးပြုဖို့အရင်ဉီးဆုံး G-mail account နဲ့ Sign-in လုပ်ပေးရမှာပဲဖြစ်ပါတယ်။ Sign-in လုပ်ပြီး App ထဲရောက်သွားရင်တော့ For You, Headlines, Favorites, Newsstand ဆိုပြီး Option ၄ ခုရှိနေမှာပါ။

  • For You မှာတော့မိတ်ဆွေအတွက် Hot အဖြစ်ဆုံး သတင်း ၅ ခုကိုထိပ်ဆုံးမှာရွေးချယ်ပေးထားမှာပါ။ အောက်ကိုဆက်ကြည့်ရင်လည်း နာရီအနည်းငယ်လောက်ကမှတက်လာတဲ့ သတင်းတွေကိုဖော်ပြပေးထားမှာပဲဖြစ်ပါတယ်။
  • Headlines မှာတော့ မိတ်ဆွေရွေးချယ်နိုင်တဲ့ နယ်ပယ်အသီးသီးကိုဖော်ပြပေးထားမှာပဲဖြစ်ပါတယ်။ U.S, World, Business, Technology, Entertainment, Sports, Science, Health အစရှိတဲ့နယ်ပယ်အသီးသီးက သတင်းတွေကိုဖော်ပြပေးထားတဲ့ Option တစ်ခုပဲဖြစ်ပါတယ်။
  • မိတ်ဆွေဖတ်ဖို့အချိန်မရှိလိုက်တဲ့ ဆောင်းပါးတွေ၊ ကြိုက်နှစ်သက်တဲ့နယ်ပယ်အသီးသီးကခေါင်းစဉ်တွေကို Favorites မှာမှတ်ထားနိုင်မှာဖြစ်ပါတယ်။ မှတ်သားထားတဲ့ Content တွေကိုအချိန်မရွေးပြန်ရှာနိုင်မှာကြောင့် အသုံးဝင်လှတဲ့ Option တစ်ခုပဲဖြစ်ပါတယ်။
  • Newsstand ကတော့ လစဉ်ကြေးပေးပြီး Subscribe လုပ်ထားသူတွေအတွက်ပါ။ နယ်ပယ်အသီးသီးက သတင်းအကြောင်းအရာတွေကိုရေးသားထားတဲ့ မဂ္ဂဇင်း ၁၀၀၀ ကျော်ကိုဖတ်ရှု့နိုင်မယ့် Option တစ်ခုဖြစ်ပါတယ်။ ပြောရရင် Subscriber တွေကတော့အခွင့်ထူးခံတွေပါပဲ။

လက်ရှိမှာ AI-powered Google News app ကို Play Store နဲ့ App Store တို့မှာ အခမဲ့ဒေါင်းလုတ်ရယူနိုင်ပြီဖြစ်ပါတယ်။

Android/IOS သက်ဆိုင်ရာ လင့်ခ်ထဲဝင်ပြီးတစ်ခါတည်း ဒေါင်းသွားနိုင်ပါပြီနော်.. ?

, , ,

Leave a Reply

Your email address will not be published. Required fields are marked *