Favorites feature ပါဝင်လာမယ့် Google Photos

Google Photos က ဓာတ်ပုံတွေကို တစ်နေရာတည်းမှာ အလွယ်တကူ သိမ်းဆည်းပေးနိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။ လူကြိုက်များတဲ့ app တစ်ခုအဖြစ် ရပ်တည်လျှက်ရှိပြီး သူ့ရဲ့ အသုံးဝင်တဲ့ feature အချို့ကြောင့် ကောင်းမွန်တဲ့ ထောက်ခံချက် အများအပြားလည်း ရရှိထားပါတယ်။ ဒါပေမယ့် ခုလို အသုံးဝင်တဲ့ app တစ်ခုမှာ အခြေခံ feature တစ်ခု ပျောက်ဆုံးနေတော့ တစ်ခုခု လိုနေသလိုကြီး ခံစားရပါတယ်။

Google Photos ရဲ့ လိုအပ်နေတဲ့ feature ကတော့ အခြား မဟုတ်ပါဘူး၊ Favorites feature ပဲဖြစ်ပါတယ်။ Google က သူ့ရဲ့ လိုအပ်နေတဲ့ favorites feature ကို လာမယ့် အပတ်လောက်မှာ စတင်အသုံးပြုနိုင်တော့မယ်လို့ ကြေညာထားပါတယ်။ Library ထဲက ဓာတ်ပုံတစ်ခုရဲ့ ထပ်ဆုံးနေရာက ကြယ်လေးကို ထောက်လိုက်တာနဲ့ အဲ့ဓာတ်ပုံက အလိုအလျောက် favorites album ထဲဝင်သွားမှာပါ။ ဓာတ်ပုံထိပ်က ကြယ်ပွင့်ကို နှိပ်လိုက်တာနဲ့ favorite albumကို ဖန်တီးပေးမှာ ကြောင့် ဓာတ်ပုံရဲ့ ထိပ်မှာ ကြယ်ပွင့်ကို မတွေ့ရသေးရင်တော့ သင့်ရဲ့ Google Photos က favorites feature မရသေးဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ရက်နည်းနည်းလောက် ထပ်စောင့်ပေးဖို့ လိုပါလိမ့်မယ်။

ပြီးခဲ့တဲ့ I/O ပွဲမှာလည်း Google က Photos features အသစ်တွေ ဖြစ်တဲ့ (AI-suggested quick edit) ဓာတ်ပုံတွေကို အရင်ကထက်ပိုပြီး edit မြန်မြန် လုပ်ပေးနိုင်တဲ့ feature, color pop နဲ့ ပုံဟောင်းတွေကို အရောင်ပြန်တင်ပေးနိုင်တဲ့ feature တွေအကြောင်း အသိပေးကြေညာခဲ့ပါတယ်။ သူတို့တွေထဲက ပထမနှစ်ခုကို အသုံးပြုနိုင်နေပြီ ဖြစ်ပြီး နောက်ဆုံးတစ်ခုဖြစ်တဲ့ ပုံဟောင်းတွေကို အရောင်ပြန်တင်တဲ့ feature ကိုတော့ အသုံးမပြုနိုင်သေးပါဘူး။ အခု ထပ်မံကြေညာလိုက်တဲ့ favorites feature အသစ် နဲ့ ပတ်သက်ပြီး အချို့အသုံးပြုသူတွေကလည်း ဟိုးအရင်တည်းက ရှိသင့်တဲ့ feature ဖြစ်ပြီး သိပ်ပြီးထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုမဟုတ်ဘူးလို့ အကြံပြုကြပါတယ်။

Asiaapps က ဘော်ဒါတို့ထဲမှာလည်း Google Photos သုံးနေတဲ့ သူတွေရှိရင် အပေါ်မှာပြောသွားတဲ့ photo feature အသစ်လေးတွေ နဲ့ favorites feature သုံးလို့ရနေပြီလားဆိုတာ စမ်းကြည့်လိုက်ကြပါဦးနော်… အခုမှစိတ်ဝင်စားလို့ စမ်းပြီး အသုံးပြုချင်တဲ့သူတွေအတွက်လည်း Play Store နဲ့ App Store တို့မှာ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်နော်။

 

Download link – Android/ IOS

Via

, , ,

Leave a Reply

Your email address will not be published. Required fields are marked *