Original Pixel နဲ့ Pixel XL စမတ်ဖုန်းတွေကို သူ့ရဲ့ Online Store ကနေ ဖယ်ရှားလိုက်တဲ့ Google

Google ကတော့ သူ့ရဲ့ ကနဦး ထုတ်လုပ်ထားတဲ့ Original Pixel နဲ့ Pixel XL ဖုန်းတွေကို အွန်လိုင်း Google Store နဲ့ Project Fi ကနေ ဖယ်ရှားလိုက်ပါပြီတဲ့နော်။ Company ကနေ တိုက်ရိုက်ဝယ်ယူလို့ မရနိုင်တော့ပေမယ့် Amazon နဲ့ Best Buy တို့လိုမျိုး Third-party store တွေမှာတေ့ အရောင်အမျိုးမျိုး storage အမျိုးမျိုးနဲ့ ရွေးချယ်ဝယ်ယူလို့ရသေးတယ်လို့သိရပါတယ်။

အခု သတင်းကြောင့် Pixel နဲ့ Pixel XL ဖုန်း ပိုင်ရှင်တွေကတော့ သူတို့ရဲ့ ဖုန်းသက်တမ်း ကုန်တော့မှာလား ဆိုပြီး စိုးရိမ်နေကြပါတယ်။ Google ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာလည်း Pixel နဲ့ Pixel XL ရဲ့ Android update ကို အခု ၂၀၁၈ အောက်တိုဘာလ အထိပဲ ခွင့်ပြုထားတာကိုတွေ့ရပါတယ်။ Pixel ဖုန်းတွေရဲ့ security update ကိုတော့ အောက်တိုဘာလ ၂၀၁၉ အထိပဲ ရရှိတော့မှာဖြစ်ပါတယ်။

 

Google ရဲ့ အခုလို လုပ်ဆောင်ချက်ကြောင့် သတင်းတွေ အမျိုးမျိုး ထွက်ရှိခဲ့ပြီး အချို့ကလည်း လာမည့် အောက်တိုဘာလမှာ Pixel 3 ထွက်ရှိတော့မှာကြောင့်လို့ဆိုကြပါတယ်။ Google Pixel ဖုန်းတွေဟာ Apple ရဲ့ iPhone , Samsung ရဲ့ Galaxy ဖုန်းအမျိုးအစားတွေနဲ့ ယှဉ်ပြိုင်နေရတာကြောင့် အမြဲတမ်း ဆန်းသစ်တီထွင် မှုတွေ ပြုလုပ်နေမှ ရပ်တည်နိုင်မှာပါ။ အဲ့တာကြောင့်အောက်တိုဘာလ ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Google Pixel နဲ့ Pixel XL တို့ကို Google Store ကနေ ဖြုတ်ချလိုက်တယ်လို့ထင်ပါတယ်။

Third-Party Store တွေမှာလည်း ပစ္စည်း ကျန်သလောက်ပဲ ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်တဲ့အတွက် အကယ်၍ သင်က Google Pixel ကိုဝယ်ယူဖို့ စိတ်ကူးရှိနေရင်တော့ အမြန်ဆုံးဝယ်ယူထားတာ အကောင်းဆုံးပါပဲနော်…။

 

Via 1, 2, 3

Leave a Reply

Your email address will not be published. Required fields are marked *