ဘာသာစကား ၁၀၃ ခုကို ဘာသာပြန်ပေးမယ့် Google Translate

သင်သိလိုတဲ့ အကြောင်းအရာတွေကို ရှင်းလင်းတိကျစွာ ဘာသာပြန်ပေးမယ့် application ဖြစ်ပါတယ်။ ဘာသာစကားမတူတဲ့ နိုင်ငံအချင်းချင်း အဆင်ပြေ လွယ်ကူစွာ အဆက်အသွယ်လုပ်နိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘာသာစကား အခက်အခဲမဖြစ်အောင် ကူညီပေးမှာပါ။ မြန်မာဘာသာစကားအပါအဝင်၊ အင်္ဂလိပ်၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ စတဲ့ ဘာသာစကားအမျိုးပေါင်း ၁၀၃ ခုကို အသုံးပြုနိုင်ပါတယ်။ မသိတဲ့ စကားလုံးကို copy paste လုပ်ပြီး Translate ဆိုတဲ့ စာသားကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ဘာသာပြန်ထားတဲ့ စကားလုံး အလိုလို ပေါ်လာမှာပါ။ Internet အသုံးပြုဖို့လိုအပ်ပြီး Offline လုပ်ထားရင်း အသုံးပြုနိုင်မယ့် ဘာသာစကား ၅၉ ခုပါဝင်မှာဖြစ်ပါတယ်။

စာသား ဘာသာပြန်ခြင်း သာမက Instant Camera Translation ( ကင်မရာ အသုံးပြုပြီး ဘာသာပြန်ခြင်း) ကို ဘာသာစကား ၃၈ ခုတွင်လည်းကောင်း၊ Camera Mode (စာသားအား ဓာတ်ပုံရိုက်ပြီး ဘာသာပြန်ခြင်း) ကို ဘာသာစကား ၃၇ ခုတွင်လည်းကောင်း ၊ Conversation mood (ပြောစကားဖြင့် ဘာသာပြန်ခြင်း) ကို ဘာသာစကား ၃၂ခု တွင်လည်းကောင်း၊  Handwriting (Keyboard အသုံးမပြုဘဲ လက်ရေးဖြင့် ရေး၍ ဘာသာပြန်ခြင်းကို ဘာသာစကား ၉၃ ခုတွင်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ပြောစကားကို ဘာသာပြန်ချင်ရင် ဖုန်းထဲမှာရှိတဲ့ microphone ကို permission ပေးဖို့လိုအပ်ပါတယ်။ Camera ကို အသုံးပြုချင်ရင်တော့ Camera ကို permission ပေးဖို့လိုအပ်ပါတယ်။

Google Translate application မှာ အသုံးပြုနိုင်တဲ့ ဘာသာစကားတွေကို အောက်မှာဖော်ပြထားပါတယ်။ လိုအပ်တာကို ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။

Afrikaans, Albanian, Amharic, Arabic, Armenian, Azerbaijani, Basque, Belarusian, Bengali, Bosnian, Bulgarian, Catalan, Cebuano, Chichewa, Chinese (Simplified), Chinese (Traditional), Corsican, Croatian, Czech, Danish, Dutch, English, Esperanto, Estonian, Filipino, Finnish, French, Frisian, Galician, Georgian, German, Greek, Gujarati, Haitian Creole, Hausa, Hawaiian, Hebrew, Hindi, Hmong, Hungarian, Icelandic, Igbo, Indonesian, Irish, Italian, Japanese, Javanese, Kannada, Kazakh, Khmer, Korean, Kurdish (Kurmanji), Kyrgyz, Lao, Latin, Latvian, Lithuanian, Luxembourgish, Macedonian, Malagasy, Malay, Malayalam, Maltese, Maori, Marathi, Mongolian, Myanmar (Burmese), Nepali, Norwegian, Pashto, Persian, Polish, Portuguese, Punjabi, Romanian, Russian, Samoan, Scots Gaelic, Serbian, Sesotho, Shona, Sindhi, Sinhala, Slovak, Slovenian, Somali, Spanish, Sundanese, Swahili, Swedish, Tajik, Tamil, Telugu, Thai, Turkish, Ukrainian, Urdu, Uzbek, Vietnamese, Welsh, Xhosa, Yiddish, Yoruba, Zulu

ဒီထဲမှာ ဘော်ဒါတို့အတွက် အသုံးလိုမယ့် language တစ်ခုခု ပါနေပြီဆိုရင်တော့ Google Translate ကို Android ရော iOS ရောတွက် free download လုပ်ယူ အသုံးပြုနိုင်ပါနော် ။ ။ ။

 

 

Image Source – Google Translate

, ,

Leave a Reply

Your email address will not be published. Required fields are marked *