MWC (2018) အတွက်အလန်းစားဖြစ်အောင်ပြင်ဆင်ထားတယ်ဆိုတဲ့ HMD!

HMD ဟာ Nokia Smartphone Brand ရဲ့ ကုမ္မဏီဖြစ်ပါတယ်။ HMD ဟာ ဖေဖော်ဝါရီလမှာကျင်းပမယ့် MWC (Mobile World Congress) 2018 အတွက် အလန်းစားပြင်ဆင်ထားတယ်ဆိုတာကို Juho Sarvikas ဆိုသူ ဆီကသိရှိခဲ့ရတာပဲဖြစ်ပါတယ်။

Juho Sarvikas ဆိုသူကတော့ HMD ရဲ့ CPO (Chief Product Officer) တစ်ဉီးဖြစ်ပြီး HMD ကို ၂၀၀၆ ခုနှစ်ထဲကစတင်ဝင်ရောက်ခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာဝင်ရောက်ခဲ့ရုံသာမက Nokia 6EEE ရဲ့ဖန်တီးမှုမှာလည်း အပိုင်းမှာလည်း ဉီးဆောင်ခဲ့သေးတာကြောင့် အတွေ့အကြုံအားဖြင့်ကြည့်ရင် မနည်းလှတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။

HMD ဟာ ဇန်နဝါရီလမှာကျင်းပခဲ့တဲ့ CES(Cosumer Electric Show) 2018 မှာငြိမ်သက်နေခဲ့တာပဲဖြစ်ပါတယ်။ HMD ရဲ့ CES 2018 မှာငြိမ်သက်နေခဲ့တဲ့အကြောင်းအရင်းက နှစ်ခုဖြစ်နိုင်ပါတယ်။ ပထမတစ်ခုက တကယ်ပဲဘာမှထွေထွေထူးထူးချပြစရာမရှိလို့၊ ဒုတိယတစ်ခုက ရှိတဲ့နည်းပညာအသစ်တွေကို MWC 2018 မှာမှပေါင်းပြီးချပြချင်လို့ … ဒါတွေကတော့ ကျွန်တော့်ရဲ့ထင်မြင်ချက်နှစ်ခုပါ။ ဘာပဲဖြစ်ဖြစ် HMD ရဲ့ CPO ကိုယ်တိုင်ကကြွားထားတာဆိုတော့ MWC 2018 မှာ HMD ဘာတွေချပြသွားမလဲဆိုတာကိုတော့ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

, ,

Leave a Reply

Your email address will not be published. Required fields are marked *