သင့်ရဲ့ အိမ်လေးကို နေချင်စရာကောင်းတဲ့ ပုံစံအလှဆင်နိုင်အောင် အကြံဉာဏ်တွေပေးနိုင်တဲ့ Houzz Interior Design Ideas

ငယ်ငယ် တုန်းက လူတစ်ယောက်ရဲ့ စရိုက် လက္ခဏာနဲ့ သေသေသပ်သပ် နေထိုင်တတ်လား ၊ မနေတတ်ဘူးလားဆိုတာ သိချင်ရင် သူ့နေတဲ့ အိမ်ကို သွားလည်ပါဆိုတဲ့ အဘိုးအဘွားတွေ ပြောဖူးတဲ့ စကားကိုကြားဖူးပါတယ်။ အဲ့ဒီစကားကို အခု ပြန်စဉ်းစားကြည့်တော့ ဟုတ်ပါတယ် ။ အိမ်ရဲ့ အတွင်းပိုင်း အပြင်အဆင်က လူတစ်ယောက်ရဲ့ အကျင့် စရိုက် အပေါ် များစွာ မူတည်နေပါတယ်။လူအများစုကတော့ ကိုယ်နေထိုင်တဲ့ အိမ်လေးကို အလှဆုံးလေး ဖြစ်အောင်ထားကြတာပါပဲ။ ဒါပေမယ့် ပစ္စည်းနေရာ အထားအသို မတတ်လို့ နည်းနည်း ရှုပ်နေသလို ခံစားရတာပါ။ အဲ့တာကြောင့် ကိုယ်နေထိုင်တဲ့ အိမ်လေးကို လှပတဲ့ စိတ်ကူးတွေနဲ့သေသေသပ်သပ်လေး ဖန်တီးကြည့်နိုင်ဖို့အတွက် အကြံဉာဏ်ပေးနိုင်တဲ့ App လေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။

Hozz က လှပတဲ့ အိမ်အတွင်းပိုင်း ဒီဇိုင်းတွေ ဖြည့်ဆည်းပေးတဲ့ နေရာမှာ အရမ်းကိုတော်တဲ့ App တစ်ခုပါ။ အထဲမှာ သင့်ကို ပေးစွမ်းနိုင်တဲ့ လုပ်ဆောင်ချက်တွေကို အောက်မှာ အချက်လေးတွေနဲ့ ဖော်ပြပေးထားပါတယ်။

  • Styles , location , room (ဥပမာ – မီးဖိုချောင် ၊ ရေချိုးခန်း) နဲ့ ပတ်သက်တဲ့ ရုပ်ထွက်ကောင်းမွန်သော အိမ်တွင်း အိမ်ပြင် ဒီဇိုင်း ဓာတ်ပုံ ၁၅သန်းကျော်ကို ရှာဖွေနိုင်ခြင်း)
  • ဓာတ်ပုံတွေကို သိမ်းဆည်းထားလို့ရနိုင်သလို သူငယ်ချင်းတွေထံလည်း ဝေမျှပေးနိုင်ခြင်း
  •  Houzz မှ ပုံကြမ်း ဒီဇိုင်းများ ရရှိနိုင်ခြင်း
  •  App အတွင်းရှိ ၉သန်းကျော်သော အိမ်အလှဆင်ပစ္စည်းများအား ကြိုက်နှစ်သက်လျှင် ဝယ်ယူနိုင်ခြင်း
  •  မဝယ်ယူခင် ထုတ်ကုန်ပစ္စည်းများ၏ review အားကြည့်နိုင်ခြင်း
  •  Houzz မှ သင့်အိမ်အလှဆင်ဖို့ အတွက် နမူနာ ပြထားသော ပစ္စည်းများသည် ရုပ်ပုံချည်း သတ်သတ် မဟုတ်ပဲ အပြင်မှာ အမှန်တကယ်ရှိသော ပစ္စည်းများဖြစ်ခြင်း (ကိုယ်အရမ်းကြိုက်တဲ့ ပစ္စည်းဆိုရင် အပြင်မှာ တကယ်ရှာဝယ်လို့ရပါတယ်)

အခြားလုပ်ဆောင်ချက်တွေအများကြီး ရှိပေမယ့် အပေါ်မှာ ရေးပြထားတာတွေက သင့်အတွက် အသုံးအဝင်ဆုံးလို့ ထင်ရမယ့် ဟာလေးတွေ ရေးပေးထားပါ။ ဒါ့အပြင် သင့်ဧည့်ခန်း ပုံစံနဲ့ ကိုက်ညီမယ့် ဆိုဖာ ပုံစံကို သိချင်တယ်ဆိုရင် “My Room 3D feature” ကို ရွေးပြီး သင့်ရဲ့ Android (သို့) iPhone (သို့) iPad ကင်မရာကို အသုံးပြုကာ ဒီဇိုင်း ပုံလေးတွေ အစမ်းထည့်ကြည့်နိုင်ပါတယ်။

Houzz က The New York Times စာရင်းမှာ ‘Best apps for home improvement” အဖြစ် ထိပ်ဆုံးမှာရပ်တည်နေတဲ့ App တစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးဆိုတာတွေကို ကိုယ်တိုင်အသုံးပြုကြည့်မှသာ သိနိုင်မှာဖြစ်တဲ့အတွက် စိတ်ဝင်စားရင် စမ်းသုံးကြည့်ဖို့
တိုက်တွန်းချင်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free အသုံးပြုနိုင်ပါတယ်။ Play Store မှာ rating 4.6 နဲ့ App Store မှာ 4.8 အထိရရှိထားပါတယ်။

 

Download link – Android/IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *