ကိုယ့်ရဲ့ စိတ်နဲ့ ကိုက်ညီမယ့် ဖုန်းအမျိုးအစားတစ်ခုရအောင် ဘယ်လို ဝယ်ယူကြမလဲ

ဖုန်းဝယ်ယူတဲ့အခါ အဓိက အကျဆုံးက ကိုယ့်အတွက် တကယ့်ကို အသုံးတည့်ပြီး စိတ်တိုင်းကျဖြစ်စေမယ့် ဖုန်းကို ရွေးချယ်နိုင်ဖို့ပါပဲ။ ဈေးကြီးတာ ဈေးနည်းတာ၊ Android၊ iOS ဖြစ်မှရယ်လို့ မဟုတ်ပါဘူး။ ကိုယ့်အတွက် အသုံးပြုရတာ အဆင်ပြေပြီး စိတ်ကျေနပ်မှုပေးစွမ်းနိုင်တဲ့ ဖုန်းတွေက သာလျှင် အကောင်းဆုံး ဖုန်းအမျိုးအစားတွေပါပဲ။ အခု နောက်ပိုင်းမှာ ဖုန်းတွေက သူ့ထက်ငါ အပြိုင်အဆိုင် ထွက်လာကြတဲ့အတွက် ဘယ်ဖုန်းအမျိုးအစားကို ဘယ်လိုဝယ်ယူရမလဲ ဒွိဟ ဖြစ်နေသူတွေအတွက် အခုပြောပြမယ့် အကြောင်းအရာက အကူအညီဖြစ်စေမှာပါ။

ဖုန်းတစ်ခုကို ဝယ်တော့မယ်ဆိုရင် အရင်ဆုံးတွေးရမှာက ဈေးနှုန်းပါ။ ကိုယ့်ဘက်က ဈေးကြီးတဲ့ ဖုန်းကို ဝယ်ချင်တာလား။ အလယ်အလတ် ဈေးနှုန်းကိုပဲ သုံးချင်တာလား။ ဒါမှမဟုတ် ဈေးအသက်သာဆုံးဘတ်ဂျက် ဖုန်းလေးတွေကိုပဲ ရွေးချင်တာလား။ စတဲ့မေးခွန်းတွေပေါ့နော်။ ဈေးနှုန်းအပေါ် မူတည်ပြီး ဖုန်းမှာ ပါဝင်တဲ့ features တွေက ပြောင်းလဲသွားတာဖြစ်တာကြောင့် အကောင်းဆုံးကို လိုချင်ရင်တော့ ပိုက်ပိုက် ($$ ) များများ ပေးပြီး ဝယ်ရမှာပေါ့နော်။

အောက်မှာ အခု လတ်တလော လူကြိုက်များနေတဲ့ ဖုန်းအမျိုး အစားတွေထဲက High-end (ဈေးနှုန်းမြင့်)၊ Midrange (အလယ်အလတ်)၊ Budget (ဈေးနှုန်းနိမ့်) ဖုန်းတွေကို အဆင့်အလိုက် ခွဲပြီးဖော်ပြပေးထားပါတယ်။

  • High-end အမျိုးအစားတွေထဲမှာ Samsung Galaxy Note 8, iPhone X, iPhone 8 Plus,Galaxy S9, Hwawei P20 Pro, Google Pixel 2, Pixel 2 XL, LG V30, Huawei Mate 10 Pro တို့ပါဝင်ပါတယ်။ ဈေးနှုန်း များများပေးပြီး အမျိုးအစားကောင်းကောင်း အသုံးပြုချင်သူတွေ ရွေးချယ်သင့်တဲ့ ဖုန်းတွေပဲဖြစ်ပါတယ်။
  • Midrange ဖုန်းတွေကတော့ OnePlus 5T, Motorola Moto X4, Huawei Honor 7X တို့ဖြစ်ကြပါတယ်။ ဈေးနှုန်းအသင့်အသင့်နဲ့ အဆင်ပြေပြေ အသုံးပြုချင်သူတွေ ရွေးချယ်နိုင်ပါတယ်။
  • Budget ဖုန်းအမျိုးအစားတွေကတော့ Motorola Moto G5 Plus နဲ့ Moto E4 တို့ဖြစ်ကြပါတယ်။ အသုံးပြုရတာ အဆင်ပြေပြီး ဈေးတန်တဲ့ ဖုန်းလေးတွေပါ။ အခြား ဖော်ပြမထားတဲ့ ဖုန်းအမျိုးအစားတွေလည်းရှိပါသေးတယ်။ ဒါလေးတွေက လတ်တလော ရေပန်းစားနေတဲ့ ဖုန်းတွေဖြစ်လို့ ထည့်သွင်းပေးထားတာပါ။

နောက်တစ်ခု စဉ်းစားရမှာက ကိုယ်လိုချင်တဲ့ ဖုန်းရဲ့ ပုံစံပါ။ ကင်မရာကောင်းတဲ့ ဖုန်းကို ကြိုက်တာလား။ အရွယ်အစားကြီးတဲ့ ဖုန်းကို နှစ်သက်တာလား။ စတဲ့ မေးခွန်းတွေကို သေချာသုံးသပ်ပြီးမှ ဝယ်ယူသင့်ပါတယ်။ တစ်ခု သတိထားရမှာက megapixels များတိုင်း ရုပ်ထွက်ကောင်းမှာမဟုတ်ပါဘူး။ 12 megapixels ရှိတဲ့ ကင်မရာက 16 megapixels ကင်မရာထက် ပိုပြီး ဓာတ်ပုံကောင်းကောင်းတွေ ရိုက်ကူးပေးနိုင်ပါတယ်။ အဓိကက ကင်မရာရဲ့ အလင်းပမာဏက ဓာတ်ပုံကောင်းရဖို့အတွက် ထောက်ပံ့ပေးနိုင်တာပါ။ အဲ့တာကြောင့် ကင်မရာကောင်းချင်ရင် megapixels ကိုပဲ ယုံကြည်လို့ မရတော့ပါဘူးနော်။ ကိုယ်တိုင်သေသေချာချာ စစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။ 8 megapixels နောက်ဘက် ကင်မရာတွေကိုတော့ ဘတ်ဂျက် ဖုန်းတွေမှာပဲ အတွေ့များပါတယ်။ ရုပ်ထွက်ကတော့ အလယ်အလက်လောက်ပဲ ရပါတယ်။

Finger Print scanner ဖုန်းတွေကိုတော့ ခုနောက်ပိုင်းမှာတော်တော်လေးတွေ့လာရပါတယ်။ အချို့ Android ဖုန်းတွေမှာ MicroSD storage တွေပါပါတယ်။ Water resistant ပိုင်းမှာ IP67 နဲ့ သူ့ထက်မြှင့်ရင်အကောင်ဆုံးပါပဲ။ Wireless charging စနစ်က အခုနောက်ပိုင်း ထွက်လာတဲ့ Samsung Galaxy တွေနဲ့ Note တွေတော်တော်များများမှာရနေပါပြီ။ iPhone မှာဆိုရင် iPhone7 ကစပြီးရပါတယ်။ ဘတ်ဂျက်ဖုန်း အမျိုးအစားတွေမှာဆိုရင်တော့ Motorola Moto G5 Plus က တော်တော်လေးကောင်းတယ်လို့ သိရပါတယ်။

မျက်နှာပြင်အရွယ်အစား ၄.၇ နှင့် အထက် ရှိတဲ့ ဖုန်းတွေဆိုရင် အနည်းဆုံး resolution 1080P ရှိတာကို ရွေးချယ်သင့်ပါတယ်။ ၅.၅ လက်မ ထက် ပို တဲ့ မျက်နှာပြင် အရွယ်အစားဆိုရင်တော့ 2,560 x 1,440-pixel resolution ကပိုပြီး ကောင်းပါတယ်။ Gear VR (သို့) PlayStation လိုမျိုး VR headset တွေသုံးဖို့ အစီအစဉ်ရှိရင်တော့ resolution မြှင့်လေ ပိုကောင်းလေပါပဲ။

ရေးထားတာလည်း တော်တော်လေး များနေပြီဆိုတော့ အခု ဒီမှာပဲ နိဂုန်းချုပ် ပါရစေ။ အပေါ်မှာ ဖော်ပြသွားတဲ့ အချက်အလက်တွေကို သုံးပြီး ကိုယ်နဲ့ ကိုက်ညီမယ့် mobile ဖုန်းတစ်ခုကို ရွေးချယ်ဝယ်ယူနိုင်ဖို့ မျှော်လင့်ပါတယ်။

 

Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *