Facebook ရဲ့ နောက်ဆုံး Bug ကြောင့် ကိုယ့် Account က ဓာတ်ပုံတွေ leaked ဖြစ်တဲ့အထဲ ပါမပါစစ်ကြမယ်!

ပြီးခဲ့တဲ့ သောကြာနေ့က Facebook ရဲ့ ဓာတ်ပုံ API (Application Programming Interface) error ကြောင့် ဓာတ်ပုံတွေဟာ User Access မပေးဘဲ ပျံ့နှံ့သွားခဲ့တယ်လို့ Facebook က ပြောလိုက်ပါတယ်။ Facebook ဟာ ရှေ့လကလည်း UK မှာ Data ပေါက်ကြားမှုကြောင့် တရားစွဲခံရပြီး လျော်ကြေးငွေ ပေးဆောင်ထားရတာပါ။

Error က တော့ Third-party app တွေကို access ပေးစရာမလိုဘဲ ဓာတ်ပုံတွေကို ရသွားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Third-party app တွေကို Access ပေးထားရင်တောင် Account ထဲမှာ တင်ထားတဲ့ ပုံလောက်ပဲ ရယူခွင့်ရှိတာပါ။ ဒါပေမယ့် Error ကြောင့် My Day မှာတင်တဲ့ ဓာတ်ပုံတွေကိုပါ ရယူခွင့်ပေးလိုက်သလို ဖြစ်သွားတာပါ။

Error ဟာ နှစ်ပါတ်နီးပါးရှိနေခဲ့ပြီး အသုံးပြုသူ ၈.၆ သန်းကျော်နဲ့ Developer ပေါင်း ၈၇၆ ယောက် ရေးထားတဲ့ Thid-party app ၁၅၀၀ ကျော်ကို သက်ရောက်ခဲ့တာပါ။ Credit Card information တွေ ခိုးခံရသလောက်ဆော့မဆိုးပေမယ့် အသုံးပြုသူအများကြီးသက်ရောက်ခဲ့တဲ့အတွက် ဓာတ်ပုံလောက်ပဲပါသွားတာပဲဆိုပြီး တွေးရမယ့် အကြံကောင်းတစ်ခုတော့မဟုတ်ပါဘူး။

Facebook က ဓာတ်ပုံပေါက်ကြားမှုအတွက် ကိုယ့်Account ပါမပါ စစ်ဆေးဖို့အတွက် Page တစ်ခုဖန်တီးခဲ့ပါတယ်။ တကယ်လို့ ကိုယ့် Account က Error ကြောင့် leaked ဖြစ်တဲ့အထဲ ပါသွားသလား သိချင်ရင် အောက်က Link မှာ ဝင်ရောက်စစ်ဆေးလို့ရပါတယ်။

စစ်ဆေးရန် Link: https://m.facebook.com/help/200632800873098?ref=photonotice

Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *