iPhone တွေမှာ Touch ID, Face ID, password တို့နဲ့ lock မဖြည်ဘဲ Siri နဲ့ ဓာတ်ပုံ ဘယ်လိုရိုက်ကြမလဲ

Siri က iPhone အသုံးပြုသူတွေအတွက် တော်တော်လေးကို အသုံးဝင်ပါတယ်။ လုပ်ဆောင်ချက်တော်တော်များများကို လက်နဲ့မထိပဲ အသံနဲ့တင်ခိုင်းစေလို့ရတာ သူ့ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အခု မိတ်ဆက်ပေးမယ့် Touch ID, Face ID, password တို့နဲ့ lock မဖြည်ဘဲ Siri နဲ့ ဓာတ်ပုံရိုက်တဲ့ နည်းကို သိပြီးသားသူတွေရှိသလို မသိသေးတဲ့ သူတွေလည်းရှိကြမယ်လို့ထင်ပါတယ်။

တစ်ခါတစ်ရံ လက်အိတ်ဝတ်ထားတဲ့အချိန်တို့ လက်မှာ တစ်ခုခု မှင်တွေဘာတွေ စွန်းနေတဲ့ အချိန် တို့မှာ အလျင်အမြန်ဓာတ်ပုံ ရိုက်ဖို့လိုအပ်ရင် အခု ပြောပြမယ့် နည်းက တကယ့်ကို အသုံးဝင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက Camera button ကိုတော့ နှိပ်ပေးဖို့လိုပါတယ်။ Siri က သင့်အသံကို မှတ်ထားပြီး ဖုန်း camera ကို ဖွင့်ပေးရုံပဲဖွင့်ပေးမှာပါ။

ဒီနည်းကိုသုံးဖို့အတွက် အရင်ဆုံးအောက်မှာပြထားတဲ့ ဓာတ်ပုံထဲကအတိုင်း setting ထဲဝင်ပြီး Allow Siri When Locked နဲ့ Listen for “Hey Siri ကို ဖွင့်ပေးထားရပါတယ်။ Listen for “Hey Siri ကိုဖွင့်ရင် အရင်ဆုံး Hey Siri ဆိုပြီးအော်ခိုင်းပါလိမ့်မယ်။ ပိုင်ရှင်ရဲ့ အသံကို မှတ်ထားပေးတဲ့သဘောပါ။ သင့်ရဲ့ အသံကိုပဲ မှတ်ထားပေးတဲ့အတွက် အခြားသူရဲ့ အသံနဲ့ အသုံးပြုလို့ မရပါဘူး။ ဓာတ်ပုံရိုက်တာ အပြင် စာတိုပို့တာ ဖုန်းခေါ်တာ နဲ့ အခြားအခြားသော function တွေကိုလည်း lock မဖြည်ပဲလုပ်ဆောင်နိုင်ပါတယ်။

Hey Siri လို့ခေါ်ပြီးရင် အောက်မှာဖော်ပြထားတဲ့ စာသားတွေကို သုံးပြီး camera mode ကိုဖွင့်ဖို့အတွက် အမိန့်ပေးနိုင်ပါပြီ။

•   “Take a picture” or “take a photo”
•   “Take a square picture”
•   “Take a panoramic picture”
•   “Take a video”
•  “Take a slo-mo video”

Portrait mode ကိုတော့ အသုံးမပြုနိုင်သေးပါဘူး။ အဲ့တာကြောင့် portrait mode ပါတဲ့ iPhoneX, iPhone8 plus နဲ့ iPhone7 plus တို့မှာ သုံးရင်တော့ ရိုးရိုး ကင်မရာ mode ကိုပဲ ဖွင့်လို့ရမှာပါ။ အလျင်လိုတဲ့အချိန်မှာ အသုံးဝင်နိုင်မယ့် feature လေးဖြစ်တာကြောင့် သင့်ရဲ့ ဖုန်းမှာ Listen for” Hey Siri ကို enable မလုပ်ရသေးရင် လုပ်ထားလိုက်ပါဦးနော်။

 

Via

,

Leave a Reply

Your email address will not be published. Required fields are marked *