HTC ရဲ့နောက်ဆုံးထွက်ရှိမယ့် Flagship စမတ်ဖုန်းဟာ U12+ ဖြစ်နိုင်ခြေရှိ

HTC ရဲ့နောက်ဆုံး Flagship စမတ်ဖုန်းဟာ U12 ဖြစ်မယ်ဆိုတဲ့သတင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းလောက်မှာထွက်ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ HTC ဟာ U12 ကိုကျော်ပြီး U12+ ကိုတန်းပြီးထုတ်လုပ်သွားမှာဖြစ်တဲ့သတင်းတွေထွက်ရှိလာပြန်တာပဲဖြစ်ပါတယ်။ HTC ဟာ U12+ ကို ဧပြီလအတွင်းမှာမိတ်ဆက်သွားမှာဖြစ်ပြီး မေလမှာစတင်ရောင်းချသွားမှာပါ။

ဖုန်းရဲ့အရွယ်အစားဟာ ၆ လက်မရှိနေပြီး QHD+ ရုပ်ထွက်နဲ့ရောက်ရှိလာမှာပါ။ ရှေ့ကင်မရာဟာ 8 MP နဲ့ ဆယ်ဖီကင်မရာဖြစ်ပြီး အနောက်ကင်မရာဟာတော့ (12MP+16MP) dual ကင်မရာပဲဖြစ်ပါတယ်။ Qualcomm ရဲ့ Top range Snapdragon 845 chipset နဲ့ပံ့ပိုးပေးထားပြီး RAM 6GB နဲ့ရောက်ရှိလာမှာပါ။ Storage ပိုင်းက 64GB (သို့) 128GB အနေအထားနှစ်မျိုးနဲ့ရောက်ရှိလာမှာဖြစ်ပြီး OS ပိုင်းကတော့ Android Oreo နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။

အရင် HTC U11 တုန်းကမိတ်ဆက်ခဲ့တဲ့ Edge Sense Hardware ဟာလည်း HTC U12+ မှာပါဝင်လာဉီးမှာဖြစ်တယ်လို့ သတင်းတွေထွက်ရှိနေပြန်ပါတယ်။

HTC Desire 12 နဲ့ Desire 12 Plus တို့ဟာလည်း U12+ ထွက်ရှိပြီးတာနဲ့မကြာခင်အချိန်မှာပဲ ထပ်မံရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ လက်ရှိမှာ Desire 12 Plus အတွက် Specification အချို့ကတော့ထွက်ရှိနေပြီးပြီဖြစ်ပါတယ်။

 

Via 1, 2

, ,

Leave a Reply

Your email address will not be published. Required fields are marked *