Huawei Mate 10 Pro ကိုချွန်ထက်တဲ့အရာနဲ့ခြစ်၊ မီးအပူပေး၊ ကွေးပြီးအားနဲ့ချိုး အစရှိတဲ့စမ်းသပ်ချက်တွေပြုလုပ်ပြီးသောအခါ

Huawei Mate 10 Pro ကိုချွန်ထက်တဲ့အရာနဲ့ခြစ်၊ မီးခြစ်နဲ့အပူပေး၊ ဖုန်းကိုအားနဲ့ချိုး အစရှိတဲ့စမ်းသပ်မှုတွေကိုတော့ Zack ဆိုသူ ပြုလုပ်ပြီး JerryRigEverything အမည်ရှိတဲ့ YouTube channel မှာ ဗီဒီယိုတင်ခဲ့တာဖြစ်ပါတယ်။ Huawei Mate 10 Pro ဆိုတာတော့အားလုံးသိကြတဲ့အတိုင်း Huawei ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ Smartphone အမျိုးအစားဖြစ်ပြီး ၂၀၁၇ အောက်တိုဘာလကမှထွက်ရှိထားတာပါ။ Huawei ရဲ့နောက်ဆုံး မော်ဒယ်ဖုန်းဟာဘယ်လောက်အတိုင်းအတာအထိခံနိုင်လဲဆိုတာကိုတော့ အောက်မှာဖော်ပြထားတဲ့ Zack ရဲ့ ဗီဒီယိုကိုကြည့်ပြီးဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ကြာမြင့်ချိန် ၄ မိနစ် ၃၉ စက္ကန့်..

ချွန်ထက်တဲ့အရာနဲ့ ဖုန်းရဲ့အရှေ့ဖက်ကိုခြစ်ပြီးစမ်းသပ်မှုမှာတော့ Mate 10 Pro ကို Damage အနည်းငယ်သာသက်ရောက်စေခဲ့ပြီး ရလဒ်ကောင်းရရှိခဲ့ပါတယ်။ ဖုန်းရဲ့အနောက်ဖက်က 20MP နဲ့ 12 MP ရှိတဲ့ ကင်မရာအပေါက်နှစ်ခုကို ချွန်ထက်တဲ့အရာနဲ့ခြစ်ပြီးထပ်မံစမ်းသပ်ပြန်ပါတယ်။ ကင်မရာအပေါက်တွေကိုကာထားတဲ့ မှန်တွေကြောင့် အစင်းရာတောင်မထင်သွားခဲ့ပါဘူး။ ပြီးတော့ ကင်မရာအပေါက်တွေရဲ့အောက်မှာရှိတဲ့ လက်ဗွေရာစနစ်တဲ့သက်ဆိုင်တဲ့အရာကို ထပ်မံပွန်းပဲ့အောင်လုပ်ဆောင်ပြန်ပါတယ်။ အစင်းရာတွေထင်သွားပေမယ့် လက်ဗွေရာစနစ်အလုပ်လုပ်ပုံကတော့ ပုံမှန်အတိုင်းပါပဲ။ အဲ့တော့ Damage မသက်ရောက်ဘူးလို့ပဲဆိုရမှာပါ။

နောက်တစ်ခုကတော့ မီးအပူပေးတဲ့စမ်းသပ်ချက်ပါ။ မီးခြစ်နဲ့ Mate 10 Pro ကို ၄၀ စက္ကန့် တိတိ အပူပေးရာမှာတော့ Damage လုံးဝမသက်ရောက်ခဲ့ပါဘူး။ ဒါပေမယ့် Mate 10 Pro မှာပါဝင်တဲ့ OLED Display ကြောင့် အကွက်လေးတော့ထင်ကျန်ခဲ့ပါတယ်။ ဖုန်းကိုအလယ်ကနေ အားနဲ့ကွေးတဲ့စမ်းသပ်ချက်မှာတော့ Mate 10 Pro ဟာဘာမှကိုမဖြစ်သွားပါဘူး။ အရှေ့ကကွေးကွေး၊ အနောက်ကကွေးကွေး ဘာ Damage မှာမသက်ရောက်ပါဘူး။

Zack ရဲ့စမ်းသပ်ချက်အားလုံးမှာ Huawei Mate 10 Pro ဟာအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ၂၀၁၈ မှာသူ့ရဲ့စမ်းသပ်ချက်တွေကိုအောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့တဲ့ ဖုန်းဆိုလို့ Mate 10 Pro ပဲရှိသေးတယ်လို့ Zack ကဂုဏ်ပြုလိုက်ပါသေးတယ်။ Mate 10 Pro ဟာတကယ်ပဲ Hauwei ရဲ့နောက်ဆုံးပေါ်ဖုန်းမော်ဒယ်သိက္ခာကိုသာမက Hauwei ရဲ့ဂုဏ်ကိုပါဆောင်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။

, ,

Leave a Reply

Your email address will not be published. Required fields are marked *