Brand Shop အသစ်အတွက် Opening Ceremony ကျင်းပသွားဖို့ရှိနေတဲ့ Huawei Mobile 

မြန်မာပလာဇာ ဒုတိယထပ်မှာဖွင့်လှစ်မယ့် Huawei Brand Shop အသစ်အတွက် Opening Ceremory ကို Huawei ကကြီးမှူးပြီး လာမယ့် ဇူလိုင်လ ၈ ရက်နေ့မှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။ Opening Ceremory ကိုတော့ မြန်မာပလာဇာမှာပဲ ကျင်းပသွားမှာဖြစ်ပြီး ကျင်းပမယ့်အချိန်က နေ့လည် ၂ နာရီကနေ ၃နာရီခွဲ အထိပဲဖြစ်ပါတယ်။

Opening Ceremory ကိုသွားရောက်အားပေးဝယ်ယူကြမယ့် မိတ်ဆွေတွေကို ဆုလက်ဆောင်တွေပေးအပ်မယ့်အစီအစဉ်တွေနဲ့ အထူးပရိုမိုးရှင်းအစီအစဉ်တွေ စောင့်ကြိနေတယ်လို့ လဲသိရှိရပါတယ်။ ဆုလက်ဆောင်ပေးအပ်မယ့် အစီအစဉ်အနေနဲ့ကတော့

  • Huawei P20 (သို့) P20 Pro ဝယ်ယူရင် Huawei Y3 2017 နဲ့ Shooting Box
  • Huawei Nova 3e (သို့) Nova 2i ဝယ်ယူရင် 5000mAh Power Bank, ခရီးသွား Luggage နဲ့ WK BP 200 Bluetooth earphone
  • Y-series တွေဖြစ်တဲ့ Huawei Y9 2018, Y7 Pro 2018, Y6 Prime 2018, Y5 Prime 2018 တို့နဲ့ M3 2017, T3, 7, T3 အစရှိတဲ့ Tablet တွေထဲက တစ်ခုခုကိုဝယ်ယူမယ်ဆိုရင် Bluetooth Speaker နဲ့ ခရီးသွား Luggage

လို့သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ အထူးအစီအစဉ်ကတော့ Huawei P10 Plus နဲ့ Mate 9 ကို 499,000 ကျပ်ထဲနဲ့ ဝယ်ယူနိုင်ပြီး Tripod ကိုပါလက်ဆောင်အဖြစ်ရရှိမယ့်အစီအစဉ် ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတဲ့ အစီအစဉ်တစ်ခုကတော့ ဖွင့်ပွဲရက်မှာ လာရောက်ဝယ်ယူတဲ့ ပရိတ်သတ်တွေကို Facebook live ပြုလုပ်ပြီး မဲနှိုက်ရွေးချယ်ပေးသွားမယ့်အစီအစဉ်ပါ။ မဲပေါက်ရွေးချယ်ခံရတဲ့ သူတွေက Pan Pacific Hotel မှာ အဆိုတော် Mary နဲ့အတူ ညစာစားခွင့်ရရှိမှာကြောင့် ထူးခြားတဲ့အစီအစဉ်တစ်ခုလို့ ဆိုလိုက်တာပဲဖြစ်ပါတယ်။

ကျင်းပမယ့်အချိန်က အားလပ်ရက် တနင်္ဂနွေနေ့ဖြစ်နေရုံသာမက ထူးခြားတဲ့အစီအစဉ်တွေနဲ့ ပြည့်နက်နေတာကြောင့် Huawei Fan တွေသွားရောက်လည်ပတ်အားပေးနိုင်အောင် Asiaapps မှအသိပေးလိုက်ပါတယ် ခင်ဗျာ။

 

Source

,

Leave a Reply

Your email address will not be published. Required fields are marked *