Huawei P20, P20 Pro နဲ့ P20 Lite တို့ရဲ့စျေးနှုန်းတွေထွက်ရှိလာပြီ

Huawei P20 နဲ့ P20 Pro တို့ကို မတ်လ ၂၇ ရက်နေ့မှာ စတင်မိတ်ဆက်ဖြန့်ချီမှာဖြစ်ပါတယ်။ မိတ်ဆက်ဖြန့်ချီမယ့်နေရာကတော့ ပဲရစ်မြို့တော်ကြီးပါ။ P20 Lite ကိုလည်း အမျိုးတူမော်ဒယ်အနေနဲ့ တစ်ပါးတည်းမိတ်ဆက်သွားမယ်လို့တော့မျှော်လင့်ရပါတယ်။Euro ဒေသအတွက် P20, P20 Pro နဲ့ P20 Lite တို့ရဲ့စျေးနှုန်းဟာတော့ပြီးခဲ့တဲ့ရက်ကပဲ twitter ပေါ်မှာထွက်ရှိလာပြီဖြစ်ပါတယ်။ P20 ကို €679, P20 Pro ကို €899 နဲ့ P20 ကို €369 အစရှိတဲ့စျေးနှုန်းတွေနဲ့သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

စျေးနှုန်းပိုင်းက Euro ငွေကြေး 1000 နီးပါးလောက်ကိုရောက်ရှိနေပါပြီ။ နောက်ထပ်ထွက်ရှိမယ့် Hauwei ရဲ့ Mate 11 လောက်ဆိုရင်တော့ Euro 1000 လောက်အထိကိုသွားနိုင်လောက်ပါတယ်။ P20 နဲ့ P20 Pro တို့မှာ Mate 10 နဲ့ Mate 10 Pro တို့မှာအသုံးပြုထားတဲ့ Kirin 970  ပါဝင်လာနိုင်ပြီး P20 Lite ဟာတော့ Mate 10 Lite မှာအသုံးပြုထားတဲ့ Kirin 659 ပါဝင်လာမှာဖြစ်တယ်လို့လဲသတင်းတွေထွက်ရှိနေပါတယ်။ ဖုန်း ၃ မျိုးလုံးကို Android ရဲ့နောက်ဆုံး version 8.0 Oreo နဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ P20 Pro ရဲ့အနောက်ကင်မရာဟာ Dual ကင်မရာအပြင် အပိုတစ်လုံးပါ ပါဝင်မှာပါ။ P20 နဲ့ P20 Lite တို့ကတော့ ကင်မရာအပိုတစ်လုံးမပါဝင်ပဲ dual ကင်မရာသာပါဝင်ပါတယ်။

အနောက်ကင်မရာ ၃ လုံးပါဝင်တဲ့ P20 Pro ဟာတော့ထူးခြားပြီးစိတ်ဝင်စားပါပဲ။ အခုထက်ပိုမိုတိကျမှန်ကန်တဲ့ ဖုန်းရဲ့သတင်းအချက်လက်တွေကိုတော့ မတ်လ ၂၇ ရက်နေ့မှာ သိရှိနိုင်တော့မှာဖြစ်ပါတယ်။

 

Source 1, 2

, ,

Leave a Reply

Your email address will not be published. Required fields are marked *