စိတ်ဝင်စားစရာကောင်းနေပြီဖြစ်တဲ့ Huawei မာကတ်အခြေအနေ

ကျွန်တော်တို့အားလုံးသိကြတဲ့ တရုတ်ကြီး Huawei ဟာလက်ရှိမှာ China, Africa, Europe အစရှိတဲ့စျေးကွက်တွေမှာပဲ ၂၀၁၈ အတွင်းမှာ စမတ်ဖုန်းအလုံးရေ ၂၀၀ မီလီယံကျော်ကိုရောင်းချနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် Sales percentage 30% ကျော်အထိမြင့်တက်လာတယ်လို့သိရပါတယ်။ ရောင်းအားအကောင်းဆုံးကတော့ P20 series ဖြစ်ခဲ့တယ်လို့ စစ်တမ်းအရသိရပါတယ်။

အခုလို တိုးမြှင့်လာတဲ့ ရလဒ်ကြောင့် Huawei ဟာ Apple ကိုကျော်တက်သွားပြီး သူ့အရှေ့မှာ Samsung သာကျန်ရှိနေတော့တဲ့ Smartphone giant တစ်ခုဖြစ်လာဖို့အကြောင်းဖန်လာပြီဖြစ်ပါတယ်။ U.S နဲ့ China တို့ဖြစ်နေတဲ့ Trade War ကြောင့် Australia, U.K, New Zealand အစရှိတဲ့ အဓိက မာကတ်တွေရဲ့ Ban မှုကိုခံထားရတာတောင်အခုလို အခြေအနေအထိဖြစ်လာတာကြောင့် Huawei ရဲ့စမတ်ဖုန်းမာကတ်အခြေအနေကတော်တော်လေးစိတ်ဝင်စားမှုကောင်းနေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Huawei ဟာ Global စမတ်ဖုန်းမာကတ်ရဲ့ 10.4% သာချုပ်ကိုင်ထားနိုင်ခဲ့ပြီး 21.6% (Samsung), 14.7% (Apple) ဆီချုပ်ကိုင်ထားတဲ့ Apple, Samsung တို့နောက်ရောက်ရှိနေခဲ့တာပါ။ ဒါပေမယ့် ၂၀၁၈ ရဲ့ ဧပြီ-ဇွန် quarter မှာပထမဉီးဆုံးအနေနဲ့ Apple ကိုကျော်တက်ချုပ်ကိုင်နိုင်ခဲ့ပြီး ဇူလိုင်-စက်တင်ဘာ quarter အထိ Apple ကိုအသာဆီးရနေခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်တွေကို ကြည့်ပြီး မီဒီယာ၊ Reviewer တော်တော်များများက Huawei ဟာ Apple ကိုကျော်တက်သွားတော့မယ်လို့ ကောက်ချက်ချနေကြပြီပဲဖြစ်ပါတယ်။

ဒါပေမယ့် U.S နဲ့ China ရဲ့ trade war ကြောင့် 5G ကွန်ရက်အတွက် အဓိက မာကတ်တွေက Huawei ကိုဘေးထုတ်ထားကြပါသေးတယ်။ ဒီအချက်က Huawei ကိုဘယ်လောက်အတိုင်းအတာအထိရိုက်ခတ်ပြီး ဘယ်လိုရလဒ်အသစ်တွေ ထပ်မံပေါ်ထွက်စေဉီးမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Via 1, 2

,

Leave a Reply

Your email address will not be published. Required fields are marked *