ဘက်ထရီနည်းပညာအသစ်ကို Teaser Video နဲ့မိတ်ဆက်လိုက်တဲ့ Hauwei!

Huawei  ဟာ ၅ မိနစ်အတွင်းဘက်ထရီ ၄၈ ရာခိုင်နှုန်းအထိသွင်းနိုင်တဲ့ ဘက်ထရီနည်းပညာအသစ် ကို Teaser video နဲ့ပြီးခဲ့တဲ့ရက် ဇန်နဝါရီ ၁၇ ရက်နေ့ကပဲမိတ်ဆက်လိုက်တာဖြစ်ပါတယ်။ ဘက်ထရီကို ၅ မိနစ်အတွင်း ၄၈ ရာခိုင်နှုန်းအထိရောက်အောင် သွင်းနိုင်ပေမယ့်လည်း အားသွင်းရမယ့် ပုံစံကတော့ သာမာန်သမရိုးကျတော့မဟုတ်ဘူးဗျ။ ဖုန်းရဲ့ ဘက်ထရီကိုဖြုတ်ပြီး ကြားခံ device တစ်ခုကနေတဆင့် အားသွင်းရမှာဖြစ်ပါတယ်။ အဲ့တော့ ဘက်ထရီသွင်းတဲ့ အချိန်တွေဆို ဖုန်းကို Power off ထားရမှာပါ။ ပိုပြီးရှင်းသွားအောင် Hauwei ရဲ့ teaser video လေးကိုရှိုးလိုက်ပါဉီး။

ဒီဘက်ထရီနည်းပညာ က နောက်ဆုံးပေါ်လို့မဆိုနိုင်ဘူးဗျ။ ဘာလို့လဲဆိုတော့ Huawei အနေနဲ့ Next generation ဘက်ထရီနည်းပညာကို ၂၀၁၅ ခုနှစ်ကတစ်ကြိမ်ဖော်ပြ ထားဖူးလို့ပါပဲ။ ဖော်ပြခဲ့တာ ၂၀၁၅ ခုနှစ်တည်းကဆိုပေမယ့် တရားဝင်စျေးကွက်ထဲကိုတော့ မရောက်ရှိလာခဲ့ပါဘူး။ Huawei အနေနဲ့ ဒီ ဘက်ထရီနည်းပညာကို ကြားထဲကကာလတွေမှာ အကြောင်းအရင်းတစ်ခုခုကြောင့်  သိမ်းဆည်းထားတယ်လို့မြင်မိပါတယ်။ ဒါပေမယ့် မနေ့က ဘက်ထရီနည်းပညာအသစ်အတွက် Teaser Video ထပ်မံပြုလုပ်ခဲ့တယ်ဆိုတော့ မကြာခင်အချိန်မှာကျွန်တော်တို့နဲ့ထိတွေ့ရတော့မှာပါ။

Huawei presented videos of the two types of quick charging lithium-ion batteries: one battery with a 600 mAh capacity that can be charged to 68% capacity in two minutes; and another with a 3000 mAh capacity and an energy density above 620 Wh/L, which can be charged to 48% capacity in five minutes to allow ten hours of phone call on Huawei mobile phones.
Source :www.huawei.com

ဘက်ထရီဟာ ၅ မိနစ်အတွင်း ၄၈ ရာခိုင်နှုန်းအထိရောက်အောင်သွင်းနိုင်တယ်ဆိုပေမယ့် Capacity အပေါ်လည်းမှုတည်သေးပါတယ်။ ၅ မိနစ်အတွက် ၄၈ ရာခိုင်နှုန်းလုပ်ဆောင်မှုကတော့ ၃၀၀၀ mAh capacity တွေအတွက်ဖြစ်ပါတယ်။ သာမာန် Midrange ဖုန်းလောက်ဆိုရင် များသောအားဖြင့် ဘက်ထရီ capacity က ၃၀၀၀ နဲ့ ၃၀၀၀ အောက်မှာသာရှိနေတတ်တာကြောင့် ဖုန်းတော်တော်များများမှာ အလုပ်ဖြစ်လောက်မှာပါ။ အကယ်၍ ဘက်ထရီ capacity ဟာ ၆၀၀ mAh လောက်ပဲဆိုရင်တော့ ၂ မိနစ်အတွင်းမှာ ၆၈ ရာခိုင်နှုန်းအထိအားသွင်းနိုင်မှာဖြစ်ပါတယ်။ ဒါတွေကတော့ ဘက်ထရီ capacity အပေါ်လိုက်ပြီး Huawei ဘက်ထရီနည်းပညာအသစ်ရဲ့ အလုပ်လုပ်ပုံတွေပါ။

Huawei သာဒီဘက်ထရီနည်းပညာကိုထပ်ပြီး မသိမ်းဆည်းထားဖူးဆိုရင်ကျွန်တော်တို့အနေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ MWC (Mobile World Congress) 2018 မှာ မျှော်မှန်းထားလို့ရနိုင်ပါတယ်။

,

Leave a Reply

Your email address will not be published. Required fields are marked *