Applications အမျိုးပေါင်း ၅၀၀ကျော်နဲ့ ချိတ်ဆက်ပေးမယ့် IFTTT

Applications တွေနဲ့ ချိတ်ဆက်ပေးမယ့် application ဖြစ်တယ်။ Application အချင်းချင်း ချိတ်ဆက်ပေးမှာဆိုတော့ ထူးဆန်းသွားတယ်မဟုတ်လား။ ဟုတ်ပါတယ်။ IFTTT က အခြား applications တွေရဲ့ ဝန်ဆောင်မှု တွေကိုပါ ချိတ်ဆက်ပြီးလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

Applications တွေနဲ့ စပ်ဆက်နေတဲ့ ဝန်ဆောင်မှုတွေ သတင်းတွေ စတာတွေကို ဖော်ပြပေးမှာပါ။ သင့်ဆီမှာ ရှိတဲ့ application တွေအပြင် မရှိသေးတဲ့ အခြား application တွေအတွက်ပါ ဆောင်ရွက်ပေးမှာဖြစ်တယ်။

Twitter, Gmail, Drive, Dropbox စတဲ့ application တွေနဲ့ ချိတ်ဆက်ထားနိုင်ပြီး သင်သိလိုတဲ့ အကြောင်းအရာ တွေကို အလိုအလျောက်ဖော်ပြ ပေးသွားမှာပါ။ App Store ရဲ့ free ဖြစ်သွားတဲ့ applications တွေ၊ ခွန်အားဖြစ်စေမယ့် စာတိုတွေ၊ တစ်နေ့တာ ရာသီဥတုအခြေအနေတွေ၊ Birthday wishes တွေ၊ Googles Play မှ အခမဲ့ သီချင်းတွေ၊ NASA မှ ဓာတ်ပုံ နှင့် သတင်းတွေ စတဲ့ဝန်ဆောင်မှုတွေအားလုံးကို email နဲ့ နေ့စဉ်နေ့တိုင်းပို့ဆောင်ပေးနေမှာဖြစ်တယ်။

ကိုယ်သိချင်တဲ့ အကြောင်းအရာကို Get-On လုပ်ထားလိုက်ရုံ နဲ့ ဝန်ဆောင်မှုပေါင်း ၁၀၀၀ ကျော်ကို အသုံးပြုနိုင်မှာဖြစ်တဲ့ အပြင် အပတ်တိုင်း အခြားဝန်ဆောင်မှုအသစ်တွေ ထပ်တိုးပေးနေမှာပါ။ Email အပြင် mobile notification နဲ့လဲ အကြောင်းကြားစာပို့ခိုင်းလို့ရပါတယ်။ အရမ်းမိုက်ပြီး ကိုယ်တိုင်စမ်းသုံးကြည့်မှ သိနိုင်မယ့် application ဖြစ်တာကြောင့် မိတ်ဆက်ပေးလိုက်ပါတယ်။

Android ရော iOS ရော နှစ်မျိုးစလုံးအတွက် free download လုပ်နိုင်ပါတယ်။ Android Version တိုင်းနဲ့ အသုံးပြုလို့ရပြီး iOS အတွက် version 9.0 အထက်ရှိရင် အသုံးပြုနိုင်ပါတယ်။

 

 

Image Source – IFTTT

,

Leave a Reply

Your email address will not be published. Required fields are marked *