ကိုယ့်ရဲ့မျက်နှာကို 3D Avatar ပုံလေးတွေဖန်တီးပေးမယ့် IMVU: 3D Avatar

ဒီတစ်ခေါက်မှာတော့ ဘော်ဒါတို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ App လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ App လေးနာမည်ကတော့ IMVU: 3D Avatar ပါ။ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ကိုယ့်ရဲ့ မျက်နှာလေးကို 3D Avatar ပုံစံလေးဖြစ်အောင်ဖန်တီးပေးတာပါ။ IMVU ထဲမှာ ကိုယ့်ရဲ့ မျက်နှာကို 3D avatar ပုံစံပြင်နိုင်ရုံသာမက ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ချိတ်ဆက်စကားပြောလို့ရပါတယ်။ 3D ကမ္ဘာကြီးထဲကို ကိုယ်တိုင်ဝင်ရောက်ပြီး ကိုယ်ဖြစ်ချင်တဲ့ ဘဝတစ်ခုကိုပါ App ထဲမှာ ပုံဖော်နိုင်ပါတယ်။

App ထဲမှာ လုပ်နိုင်မှာလေးတွေကို အသေးစိတ်ဖော်ပြပေးသွားပါမယ်နော်။ App ကိုစတင် ဒေါင်းလုတ်လုပ်ပြီး ဝင်လိုက်တာနဲ့ Email နဲ့ account ဖွင့်မလား Facebook နဲ့ account ဖွင့်မလားဆိုပြီး မေးပါလိမ့်မယ်။ မင်မင်ကတော့ Email နဲ့ပဲ log in ဝင်လိုက်ပါတယ်။ အဲ့တာလုပ်ပြီးရင် Gender မေးပါလိမ့်မယ့်။ Gender ရွေးပြီးရင် ကိုယ့်ရဲ့ ပုံစံကို စိတ်ကြိုက်ပြင်ဆင်ပြီး ဇာတ်ကောင် ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်ပါ။ ပြီးရင်တော့ ကိုယ့်နာမည်တစ်ခု password တစ်ခုပေးပြီး စတင်သုံးလို့ရပါပြီ။ စစချင်းမှာ နည်းနည်း ထူးဆန်းနေပေမယ့် နောက်ပိုင်းမှာ သုံးတတ်သွားမှာပါ။ ကိုယ့်ရဲ့တကယ့် မျက်နှာနဲ့ မဟုတ်ပဲ 3D avatar ပုံစံနဲ့ ကမ္ဘာသစ်ကြီးကို ဝင်နိုင်မယ့် app ဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းက အခြား အသုံးပြုသူတွေကိုလည်း မြင်တွေ့ရမှာပါ။ App ထဲမှာ ကိုယ်တိုင် အဝတ်အစားဝယ်ခြင်း post တင်ခြင်းတွေကို ပြုလုပ်နိုင်မယ့်အပြင် ကမ္ဘာတစ်ဝှမ်းက အခြား avatar သူငယ်ချင်းတွေကိုပါ ချိတ်ဆက် စကားပြောနိုင်တာကြောင့် တကယ့်ကို ကွဲပြားတဲ့ social media app တစ်ခုကို သုံးနေရတဲ့ အတိုင်းပါပဲ။

Older device တွေအတွက် 3D avatar chat rooms ကိုသုံးမယ်ဆိုရင် အောက်က နည်းလမ်းလေးတွေကို ပြုလုပ်ပေးဖို့တော့ လိုပါမယ်နော်။

• အရင်ဆုံး ထိပ်ဆုံး ဘယ်ဘက်ထောင့်မှာရှိတဲ့ main navigator ကိုနှိပ်ပါ။

• Graphics Options ကို နှိပ်ပါ။

• Full 3D ကိုနှိပ်ပေးပါ။

ဒါဆိုရင် သင့်ရဲ့ဖုန်းမှာ Chat room နဲ့ 3D အတွေ့အကြုံကို အသုံးပြုနိုင်ပါပြီ။ IMVU: 3D Avatar ကို App Store မှာကော Play Store မှာကောသုံးလို့ရပါတယ်။ အောက်မှာ download link လေးတွေပေးထားပါတယ်။ အသုံးပြုရင်တော့ အင်တာနက် ဖွင့်ထားဖို့လိုပါတယ်နော်။

Download link – Android/ iOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *