Live Video တွေကို Direct မှ ဝေမျှလို့ရနေပြီဖြစ်တဲ့ Instagram

နာမည်ကြီး Social media website apk တစ်ခုဖြစ်တဲ့ Instagram က live video တွေကို Direct မှာ ဝေမျှလို့ ရနေပြီလို့ဆိုပါတယ်။ ကိုယ်ပိုင် live video ကိုရော ကိုယ် ကြည့်နေလက်စ အခြားသူတွေရဲ့ live video တွေကိုရောဝေမျှလို့ရပါတယ်။

ကိုယ်ရဲ့ Live video ကို သူငယ်ချင်းတွေကိုကြည့်စေချင်ရင် like လွှင့်နေရင်း Direct ခလုတ်ကို နှိပ်ပြီး သူငယ်ချင်းတွေကို ခေါ်လို့ရပါတယ်။ သင့်ရဲ့ video ကို လိုက်လွှင့်နေစဉ်မှာပဲ အခြားသူတွေမြင်နိုင်ပြီး live ပြီးသွားရင် “ The video has ended ” ဆိုတဲ့ စာသားကိုပဲတွေ့ရတော့မှာပါ။

အကယ်၍ သင်က Private account သုံးတဲ့သူဆိုရင်တော့ live video တွေကို follow ထားတဲ့ သူတွေဆီကိုပဲ Direct ကနေ ပို့ပေးလို့ရပါတယ်။ အခြားသူတွေရဲ့ live video တွေကိုလည်း အပေါ်မှာပြောထားတဲ့ ပုံစံအတိုင်း follow လုပ်ထားတဲ့ သူတွေဆီပဲပို့ပေးလို့ရပါတယ်။ Instagram ရဲ့ အခုလိုပြောင်းလဲချက်က သင့်ကို သူငယ်ချင်းတွေနဲ့ပိုပြီးရင်းနှီးမှုရရှိ စေပြီး celebrities တွေရဲ့live video တွေကို သူငယ်ချင်းတွေနဲ့ အတူတူကြည့်ခွင့်ရတဲ့ ခံစားချက်အသစ်ကိုပေးစွမ်းနိုင်မှာပါ။

This update is available as part of Instagram version 26 available for iOS in the Apple App Store and for Android in Google Play.
Source :instagram-press.com

အခု update အသစ်ကို App Store နဲ့ Play Store တို့ရဲ့ Instagram version 26 တို့မှာ အသုံးပြုနိုင်ပါပြီ။ ပိုပြီးသိချင်ပါက Instagram Help Center မှာ သွားရောက်လေ့လာနိုင်ပါတယ်။

, , ,

Leave a Reply

Your email address will not be published. Required fields are marked *