Version အသစ်မှာ “Emoji Slider” နဲ့မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Instagram

Instagram ဟာတော့ပြီးခဲ့တဲ့ရက်အနည်းအငယ်ကပဲ version အသစ်တစ်ခုထုတ်လုပ်ပြီး “Emoji Slider” ဆိုတဲ့ Sticker တစ်ခုနဲ့မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။ Emoji slider ကတော့ Poll-type sticker မျိုးဖြစ်ပြီး My story မှာ rating တောင်းတဲ့ပုံစံမျိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Emoji slider sticker မှာ မိတ်ဆွေစိတ်ကြိုက်မေးခွန်းတစ်ခုကို ထည့်သွင်းပြီး Friends (သို့) Followers တွေကို My Story ကနေမေးမြန်းနိုင်မှာပါ။ (မေးခွန်းအပေါ်မှုတည်ပြီး Emoji ကိုမိတ်ဆွေစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။)

မိတ်ဆွေရဲ့ Friends (သို့) Follower တွေကမိတ်ဆွေရဲ့ Slider sticker ကို ဘယ်/ညာ ဆွဲပြီး rating ပေးသွားပါလိမ့်မယ်။ (အဖြေတွေအားလုံးကို မိတ်ဆွေပြန်မြင်ရမှာပါ။) My Story မှာ ဓာတ်ပုံ (သို့) ဗီဒီယို တစ်ခုခုတင်ပြီးတာနဲ့ Emoji Slider sticker ကိုအသုံးပြုနိုင်ပါပြီ။ Emoji Slider sticker ကတော့ ပုံမှန် Instagram ရဲ့ Sticker ထားတဲ့နေရာမှာပဲရှိနေမှာပါ။ ပျင်းနေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အသိမိတ်ဆွေတွေဆီက Survey ကောက်ချင်တဲ့အချိန်မှာပဲဖြစ်ဖြစ် လွယ်လွယ်ကူကူအသုံးပြုနိုင်မယ့် Sticker တစ်ခုဖြစ်ပါတယ်။

Emoji Slider sticker ကိုအသုံးပြုချင်ရင်တော့ Instagram Version 44 ကိုမြှင့်တင်ရမှာဖြစ်ပါတယ်။ ဖုန်းမှာ Instagram app မသွင်းရသေးဘူးဆိုရင် အောက်ပါလင့်ခ်ကနေ တစ်ပါးတည်း Download ဆွဲသွားနိုင်ပါတယ်နော်…

 

Download link – Android/ IOS

Source

, , ,

Leave a Reply

Your email address will not be published. Required fields are marked *