F8 developer conference ပွဲကို တက်ရောက်ခဲ့တဲ့ Instagram ကြယ်ပွင့် Jiff Pom

Jiff Pom က လူမဟုတ်ပါဘူး။ ချစ်စရာကောင်းတဲ့ IG (Instagram) ရဲ့ ကြယ်ပွင့် ခွေးလေးတစ်ကောင်ပါ။ ခွေးဆိုပြီးတော့ တော့ အထင်မသေးလိုက်ပါနဲ့နော်။ သူ့ရဲ့ ကံဇာတာက မယုံနိုင်စရာကောင်းလောက်အောင်ကို ထူးကဲပါတယ်။ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ facebook ရဲ့ F8 conference မှာ Instagram ရဲ့ reality filters အသစ်ကို မိတ်ဆက်တုန်းက Mark Zuckerberg ကသူ့ရဲ့အကူအညီယူခဲ့ရတာပါ။ (wow!!! Jiff Pom ရဲ့ပါဝါကတော်တော်ကြီးတာပဲ…။ ) Jiff Pom အကြောင်း ထပ်ပြီး သိချင်ရင်တော့ ဆက်လက်ဖတ်ရှုသွားပေးပါနော်။

Jiff Pom က လော့အိန်ဂျလိစ်မြို့ရဲ့ နာမည်ကြီး သရုပ်ဆောင်/မော်ဒယ် ခွေးလေးတစ်ကောင်ပါ။ သူ့မှာ social media channel တွေရဲ့ follower ၂၆သန်းရှိပါတယ်။

သူ့ရဲ့ အလုပ်က နည်းပညာ ကုမ္ပဏီတွေရဲ့CEO တွေ ၊ ချောမောလှပတဲ့ ဆယ်လီတွေနဲ့ တွေ့ဆုံပေးရတာပါ။ ပုံထဲမှာတွေ့ရတာက ဘရာဇီး makeup artist Mariana Saad နဲ့ အတူဖြစ်ပါတယ်။

Essa é a @marisaad uma das influenciadoras de beleza mais famosas do Brasil ?

A post shared by jiffpom ? (@jiffpom) on

၂၀၁၇ ခုနှစ်မှာ follower ၈.၄သန်းနဲ့ IG ရဲ့ follower အများဆုံး animal အဖြစ် ကမ္ဘာ့ စံချိန်ချိုးနိုင်ခဲ့ပါတယ်။

အင်္ဂါနေ့တုန်းကလည်း F8မှာ Instagram ရဲ့ AR Camera Effect platform အသစ်အတွက် ကူညီခဲ့ပါတယ်။ Filter တွေဘယ်လို အလုပ်လုပ်လဲဆိုတာကို ယဉ်ကျေးစွာ သရုပ်ပြပေးနိုင်ခဲ့ပါတယ်။

Jiff Pom က မီးမောင်းတွေနဲ့လည်းမစိမ်းပါဘူးတဲ့။ အဲ့တာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဂျာမနီနိုင်ငံ Game Con မှာ ကျင်းပခဲ့တဲ့ Entertainment Art ရဲ့ Sims4: Cats and Dogs game မိတ်ဆက်ပွဲမှာ လည်းပါဝင်ကူညီပေးခဲ့ပါတယ်။

သူလေးက ကြော်ငြာတွေကိုလည်း လက်ခံပါတယ်တဲ့။ �� Kattery Parry ရဲ့ “Dark Horse” ထဲမှာလည်း အရမ်းကို နာမည်ကြီးခဲ့ တာနော်။ (ဆယ်လီလေးကို နည်းနည်းမှတ်မိလာပြီ မဟုတ်လား။)

အဲ့တာတွေတင်မကသေးပါဘူး Nickelodeon ရဲ့ People Choice Award ဆုကို Favorite Instagram Pet in March အတွက်ရရှိခဲ့ပါတယ်။

သူ့ရဲ့ ဖက်ရှင်အမြင် ကတော့ အခြားသက်ရှိသတ္တဝါတစ်ကောင်လိုမျိုး ဖြစ်သွားစေမယ့် သားမွေး အင်္ကျီတွေ ဝတ်ရတာ ကြိုက်နှစ်သက်ပါတယ်တဲ့။

?

A post shared by jiffpom ? (@jiffpom) on

Wow!!! ဘယ်လိုတောင် ကံကောင်းတဲ့ ခွေးလေးလဲ။

ဘယ်လိုလဲ ဘော်ဘော်တို့ရေ Jiff Pom ရဲ့ ဘဝကို အားမကျကျဘူးလား။ အခုဖတ်ရင်းနဲ့ Jiff Pom
လေးကို ချစ်မိသွားရင် IG မှာ jiffpom ဆိုတဲ့ အကောင့်လေးကို သွားပြီး follow နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ Jiff Pom နဲ့ ဘဝချင်းကွာတဲ့ Bff တွေကို Mention ခေါ်လိုက်ကြရအောင်နော်… ?)

 

Source

,

Leave a Reply

Your email address will not be published. Required fields are marked *