Instagram ပေါ်မှာ အချိန်ဘယ်လောက် သုံးမိလဲ ဆိုတာသိနိုင်တော့မယ်

Social Media app တစ်ခုဖြစ်တဲ့ IG ပေါ်မှာ ကိုယ်ရဲ့ အချိန်တွေကို ဘယ်လောက်ထိကုန်ဆုံးစေမိနေပြီလဲဆိုတာ ကြည့်နိုင်တော့မယ်လို့ သိရပါတယ်။ အသုံးပြုခဲ့တဲ့ အချိန် ပြန်ကြည့်နိုင်တဲ့ feature ရဲ့ နာမည်ကို “Usage Insights” လို့ ရည်ညွှန်းထားပြီး အခုချိန်ထိတော့ တည်ဆောက်နေဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။ Usage Insights က IG အသုံးပြုခဲ့တဲ့ အချိန်ကာလ တစ်လျှောက်လုံးကို ပေါင်းပြီး ဖော်ပြမှာလား ဒါမှမဟုတ် တစ်ရက်၊ တစ်ပတ်၊ တစ်လစာချင်းကိုဖော်ပြပေးမှာလားဆိုတာကိုတော့သေသေချာချာ မသိရသေးပါဘူး။ အသုံးပြုခဲ့တဲ့အချိန်တွေကို ပေါင်းပြီး ပြရင်တော့ ဂဏန်းအရေအတွက်တွေ အရမ်းများပြီး ရှုပ်သွားနိုင်တဲ့အတွက်
တစ်ရက်စာ တစ်ပတ် စာလောက်ပဲ ပြမယ်လို့ ထင်မိပါတယ်။

သတင်းစထွက်ထွက်ချင်းမှာတော့ IG က official ထုတ်ပြန်ထားတာ မဟုတ်တဲ့အတွက် မယုံရဲသေးပါဘူး။ ဒါပေမယ့် IG ရဲ့ စီအီးအို Kevin Systrom ကိုယ်တိုင် ကTwitter ပေါ်မှာ အတည်ပြုပေးပြီးပြီ ဆိုတော့ သေချာသွားပါပြီ။

Instagram ပေါ်မှာ IG fan တွေ အချိန်ဘယ်လောက်ထိ သုံးမိလဲဆိုတာ သိရဖို့အတွက် လုပ်တာဖြစ်တဲ့အတွက် ရည်ရွယ်ချက်ကတော့ တော်တော်ကောင်းပါတယ်။ ခုနောက်ပိုင်း Social Media app တွေသုံးပြီဆိုရင် ထမင်းမေ့ ဟင်းမေ့နဲ့အချိန်ဘယ်လောက်ကုန်လို့ကုန်သွားမှန်းမသိကြတဲ့ သူလေးတွေ ကိုယ် သုံးခဲ့တဲ့ အချိန်ကို ပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုပြန် control လို့ရတော့မှာပါ။(ဘေကုန်လည်း သက်သာတာပေါ့။)

အခု feature ကို IG တစ်ခုတည်း ထည့်သွင်းမှာတော့ မဟုတ်ပါဘူး။ Google နဲ့ YouTube တို့ မှာလည်း mobile user တွေ ဖုန်းအသုံးပြုချိန် အလွယ်တကူ လျော့ချနိုင်အောင်ဆိုပြီး usage ကို သိနိုင်မယ့် feature တွေ ထည့်ကြမယ်လို့ ပြောဖူးပါတယ်။

See also – Feature အသစ်တွေပါဝင်လာတဲ့ YouTube app update အသစ်

   IG ရဲ့ လာမယ့် feature အသစ်ကတော့ တော်တော် စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ နောက်ထပ် သတင်းအသစ်တွေ ထပ်မံကြားသိရရင်လည်း Asiaapps ကနေ ဖော်ပြပေးသွားဦးမှာဖြစ်လို့ စောင့်မျှော် ဖတ်ရှုပေးသွား ကြပါဦးနော်။

 

Source Via 1, 2

, ,

Leave a Reply

Your email address will not be published. Required fields are marked *