iOS 11.3.1 version အသစ်ကတော့ မကြာသေးခင်အချိန်ကထွက်ရှိလာပြီနော်

Apple အနေနဲ့ iOS 11.3 ကို လွန်ခဲ့တဲ့ မတ်လအကုန်လောက်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၁ လကျော်အကြာ ပြီးခဲ့တဲ့ အချိန်အနည်းငယ်ကပဲ iOS 11.3.1 version အသစ်ကိုထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ လက်ရှိထွက်ရှိထားတဲ့ iOS 11.3.1 ဟာ Minor update တစ်ခုဖြစ်ပြီး iPhone နဲ့ iPad တွေရဲ့ sercurity ပိုင်းဆိုင်ရာ ပြဿနာအချို့ကိုဖြေရှင်းပေးထားတာပါတယ်။ Minor update တစ်ခုဖြစ်တာကြောင့် သိသိသာသာပြောင်းလဲသွားတဲ့ feature အသစ်ကြီးတွေကိုတော့ တွေ့မြင်ရမှာမဟုတ်ပါဘူး။

iPhone 8 အချို့မှာ Touch အပိုင်းက unresponsive ဖြစ်နေတဲ့ ပြဿနာကို Apple အနေနဲ့ ခြေရာခံလိုက်ကြည့်တဲ့အခါမှာ ဖုန်းရဲ့ LCD screen ကိုလဲလှယ်ထားတာကြောင့် ဖြစ်တယ်လို့ iOS 11.3.1 version update မှာဖော်ပြထားပါတယ်။ iOS 11.3.1 version မှာ iPhone 8 ရဲ့ Touch unreponsive ဖြစ်နေတဲ့ပြဿနာအဖြေကို သိရှိသွားပေမယ့် ပြဿနာကိုဖြေရှင်းထားခြင်းမရှိသေးပါဘူး။ ဒါ့အပြင် အောက်က Note မှာ “iPhone 8 ကိုမှုမမှန်တဲ့ LCD screen နဲ့လဲလှယ်ထားရင် Display ပိုင်းတိတိကျကျမှန်မှန်ကန်ကန် အလုပ်လုပ်နိုင်ဖို့ မသေချာဘူး လို့ဖော်ပြထားတာကြောင့် iPhone 8 LCD screen ကိုပြောင်းလဲထားသူတွေအနေနဲ့ iOS 11.3.1 version ကိုမတင်သင့်သေးတဲ့ အခြေအနေ လို့ဆိုရမှာပါ။

,

Leave a Reply

Your email address will not be published. Required fields are marked *