မေလအကုန်လောက်မှာရောက်ရှိလာနိုင်ခြေရှိတဲ့ iPhone SE 2!

Apple အနေနဲ့ iPhone SE Second generation (iPhone SE 2) ကိုတော့ မေလအကုန်လောက်မှာ စတင်မိတ်ဆက်သွားတော့မှာဖြစ်တယ်လို့ သတင်းတွေထွက်ရှိနေပြီဖြစ်ပါတယ်။ မကြာခင်ရောက်ရှိလာမယ့် iPhone SE 2 ဟာ Apple ရဲ့ နောက်ဆုံး Flagship ဖြစ်တဲ့ iPhone X လိုကွဲထွက်နေတဲ့ ဒီဇိုင်းအသွင်အပြင် ပုံစံမျိုးဖြစ်နေမှာမဟုတ်ပဲ ရှေ့ကထွက်ရှိခဲ့တဲ့ iPhone SE ကိုအခြေခံထားတဲ့ပုံစံမျိုးပဲဖြစ်နေမှာပါ။ Touch ID ပါဝင်တာ၊ ဖုန်းရဲ့အရွယ်အစားဟာ ၄ လက်မဖြစ်နေတာ၊ ဖုန်းကို အာလူနီမီယမ်နဲ့ တည်ဆောက်ထားတာ အစရှိတာတွေက iPhone SE နဲ့အကုန်အတူတူဖြစ်နေမှာပါ။

ဒါပေမယ့် iPhone SE လိုတော့ Headphone jack ပါဝင်မှာမဟုတ်ပါဘူး။ Headphone jack မပါဝင်တာကတော့ တော်တော်လေးဆာပါတယ်၊ ဘာလို့လဲဆိုတော့ ဘက်ထရီသွင်းရင်းနဲ့ ဖုန်းသုံးလို့မရတော့လို့ပါ :’D .. (နှစ်ခုလုံးတစ်ပြိုင်နက်အသုံးပြုဖို့ extension ဝယ်လို့ရပေမယ့် အလကားကြီးပိုက်ဆံကုန်သလိုခံစားရလို့ပါ ?)။ iPhone 7 နဲ့ နောက်ထွက် iPhone model တွေကိုင်နေသူ အဖို့တော့ ဒီပြဿနာကို ကျင့်သားရနေပြီဖြစ်တာကြောင့် easy-going ပါပဲ။ ဒါ့အပြင် iPhone SE 2 မှာ iPhone 7 မှာအသုံးပြုခဲ့တဲ့ A10 fusion processor ပါဝင်မှာပါ၊ သို့ပေမယ့် iPhone SE 2 ရဲ့ A10 fusion processor ဟာ iPhone 7 ထက်အနည်းငယ်ပို ပြီးသာနေမှာဖြစ်တယ်လို့တော့ သိရပါတယ်။ SE 2 ကို RAM 2GB, 32GB (သို့) 128GB Storage နဲ့မြင်တွေ့နိုင်မှာပါ။ 

ဖုန်း စတင်မိတ်ဆက်မယ့် ရက်ကို မေလအကုန်လို့ဆိုထားပေမယ့် ဇွန်လဖြစ်ဖို့ကပိုများပါတယ်။ ဘာလို့လဲဆိုတော့ ဇွန်လမှာက ၄ ရက်နေ့ကနေ့ ၈ ရက်နေ့အထိ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ WWDC (Apple Worldwide Developer Conference) 2018 ကြီးရှိနေလို့ပါ။ တော်တော်များများကမေလကုန် (သို့) မေလထဲမှာလို့ခန့်မှန်း ထားကြပေမယ့် logic နဲ့တွေးကြည့်ရင်တော့ (အယ်လယ်.. ?) WWDC ရှိနေတဲ့ ဇွန်လမှာ ဖြစ်နိုင်ခြေပိုများလှပါတယ်။

 

Source (In JP), Via

,

Leave a Reply

Your email address will not be published. Required fields are marked *