Blush Gold အရောင်နဲ့ iPhone X ကိုမကြာခင်မြင်တွေ့နိုင်တော့မည်

iPhone X ရဲ့ Color option အသစ်ဖြစ်တဲ့ Blush Gold edition ပုံရိပ်တွေကတော့ Twitter မှာလွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းကထွက်ရှိနေခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ စက်တင်ဘာလမှာ Apple ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ iPhone X ထွက်ရှိခဲ့တုန်းက Space Gray နဲ့ Silver အစရှိတဲ့ Color option နှစ်မျိုးကိုသာမိတ်ဆက်ခဲ့တာပါ (တစ်ပြိုင်တည်းထွက်ရှိခဲ့တဲ့ iPhone 8 နဲ့ 8 Plus ကို Silver, Space Gray, Gold အစရှိတဲ့ အရောင် ၃ မျိုးနဲ့တစ်ခါတည်းမိတ်ဆက်ခဲ့ပေမယ့်)။

ဒီသတင်းကိုကြည့်ရင် ၂၀၁၆ တုန်းက iPhone 7 မိတ်ဆက်ဖြန့်ချီပြီး ၆ လ အကြာမှ iPhone 7 ကို Red edition အသစ်နဲ့တစ်ဖန်ပြန်လည်မိတ်ဆက်ခဲ့တဲ့အဖြစ်အပျက်ကိုပြန်လည်အမှတ်ရစေနိုင်မှာဖြစ်ပါတယ်။ Apple အနေနဲ့ ၂၀၁၆ တုန်းကအတိုင်း စီစဉ်ထားတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ iPhone X Blush Gold edition ကို ဧပြီလအကုန် (သို့) မေလ အစောပိုင်းလောက်မှာ မြင်တွေ့နိုင် တော့မှာပါ။

 

Source

, ,

Leave a Reply

Your email address will not be published. Required fields are marked *