ကမ္ဘာတစ်ဝှမ်းမှ မြေငလျင် သတင်းတွေကို အချိန်နှင့် တပြေးညီ သိရှိ နိုင်မယ့် LastQuake

သူငယ်ချင်းတို့ရေ အခုရက်ပိုင်း မြန်မာနိုင်ငံမှာ ငလျင်တွေ ခဏခဏ လှုပ်တာ သတိထားမိကြရဲ့လား။ အမှန်တော့ ငလျင်က မြန်မာနိုင်ငံ တစ်နိုင်ငံထဲ ကွက်ပြီး လှုပ်နေတာ မဟုတ်ပဲ ကမ္ဘာတစ်ဝှမ်းက နေရာတော်တော် များများမှာ လှုပ်နေတာပါ။ အဲ့တာကြောင့် အားလုံးကို ငလျင်တွေ ဘယ်နေရာတွေမှာ လှုပ်နေလဲဆိုတာ သိနိုင်မယ့် application လေးနဲ့ မိတ်ဆက်ပေးမယ်နော်။ LastQuake က ဥရောပမြေထဲပင်လယ် မြေငလျင်ရေးစင်တာ (EMSC) ရဲ့ တရားဝင် ဖုန်း Application တစ်ခုဖြစ်ပါတယ်။ မြေငလျင်ပညာရပ်ကို အခြေခံ ဖန်တီးထားတဲ့ application ဖြစ်ပြီး သေချာတိကျတဲ့ သက်သေတွေနဲ့ မှန်ကန်တဲ့ သတင်းတွေကိုပဲ ဖော်ပြပေးမှာပါ။

အကယ်၍ သင်နေထိုင်တဲ့ နေရာမှာ ငလျင်လှုပ်တယ်လို့ ခံစားမိရင်လည်း သက်သေခံရုပ်ပုံနှင်တကွ I Felt an Earthquake! ဆိုတဲ့ စာသားကိုနှိပ်ပြီး comment ရေး သား သတင်းပေးပို့လို့ရပါတယ်။ အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေရဲ့ နည်းပညာကို အသုံးပြုဖန်တီးထားတဲ့ မြေငလျင် application ဖြစ်တဲ့အတွက် မြန်ဆန်တဲ့ သတင်းအချက်အလတ်တွေကို အချိန်နှင့် တပြေးညီ သိရှိနိုင်မှာပါ။

LastQuake မှာ Significant (အခြားနိုင်ငံ များ၏ မြေငလျင် သတင်းများ), Near Me (သင့်နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ မြေငလျင်သတင်းများ) နှင့် All (နေရာဒေသ အားလုံးရဲ့ မြေငလျင်သတင်းများ) ဆိုပြီး အပိုင်း ၃ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။ မြေငလျင်လှုပ်တဲ့ နှုန်း၊ အချိန်၊ တည်နေရာ၊ တွေကိုပါ တိကျစွာဖော်ပြပေးမယ့် application ဖြစ်တာကြောင့် information အရမ်းကို ခိုင်မာပါတယ်။ မြေငလျင်နဲ့ ပတ်သက်တဲ့ အကြောင်းကြားစာ (notifications) တွေ အမြဲပို့ပေးနေမှာ ဖြစ်တဲ့ အတွက်လူတိုင်းမှာ ရှိထားပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free အသုံးပြုနိုင်ပါတယ်။ မျက်စိရှုပ်စရာ Ads (ကြော်ငြာ) တွေ လုံးဝ မပါဝင်တဲ့ EMSC ရဲ့ တရားဝင် application ဖြစ်လို့ အသုံးပြုနိုင်ဖို့ မိတ်ဆက်ပေးလိုက်ပါတယ်။

 

Image Source – LastQuake

, ,

Leave a Reply

Your email address will not be published. Required fields are marked *