ထွက်ရှိလာခဲ့ပြီဖြစ်တဲ့ HTC Desire 12 Plus Specification အချို့

HTC Desire 12  ရဲ့ နောက်ထပ်ထွက်ရှိမယ့် စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး HTC ရဲ့နောက်ပိုင်း Flagship တွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ HTC Desire 12 Plus ရဲ့ Specification အချို့ဟာဆိုရင်တော့ မကြာသေးခင်ရက်အနည်းငယ်ကပဲထွက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။

Desire 12 Plus ရဲ့အရွယ်အစားဟာ ၅.၉၉၊ ၆ လက်မအထိရှိနေပြီး မျက်နှာပြင်ကတော့ 18:9 ပါ။ LCD screen အမျိုးအစားဖြစ်ပြီး 720 x 1,440px resolution ရှိနေပါတယ်။ ကင်မရာပိုင်းမှာဆိုရင် အရှေ့ဘက်က 8MP ရှိပြီး အနောက်ဘက်ကင်မရာကတော့ 13MP ဖြစ်ပါတယ်။ ဘက်ထရီသိုလှောင်မှုအပိုင်းက 2,965mAh အထိပါဝင်ပြီး CPU ကတော့ Snapdragon 450 chipset ပါ။ Desire 12 မှာတော့ MediaTek chipset ကိုထည့်သွင်းအသုံးပြုထားတာဖြစ်ပြီး Plus version ရောက်မှ Qualcomm ရဲ့ Snapdragon 450 chipset ကိုပြောင်းလဲအသုံးပြုထားတာဖြစ်ပါတယ်။ RAM 3GB, 32GB Storage နဲ့ရောက်ရှိလာမှာပါ။

Plus version နဲ့ Desire 12 Plus တို့ Specification အပိုင်းကွာဟချက်ဆိုလို့ ဖုန်းရဲ့အရွယ်အစားအပိုင်း၊ ဘက်ထရီသိုလှောင်မှုအပိုင်း နဲ့ CPU အပိုင်းတို့ပဲရှိပါတယ်။ ဖုန်းနှစ်မျိုးလုံးရဲ့ Specification တွေက Rumor အဆင့်သာရှိနေသေးတာကြောင့် အတိအကျကြီးတော့မပြောနိုင်သေးဘူးဗျ။ ထွက်ရှိမယ့်အချိန်ဟာနွေဉီးလောက်ဖြစ်ဖို့များပြီး စျေးနှုန်းပိုင်းကတော့ မထွက်ရှိသေးပါဘူး။

 

Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *