အရင်က စမတ်ဖုန်းတွေထဲ တစ်ခါမှ မမြင်ဖူးတဲ့ ဒီဇိုင်းပုံရိပ်တွေ ပေါက်ကြားခဲ့တဲ့ Vivo

မကြာသေးမီက ပေါက်ကြားခဲ့တဲ့ ဓာတ်ပုံတွေအရ Vivo က အထူးအဆန်းတစ်ခုကို ဖန်တီးတော့မယ့်သတင်းဟာ သေချာသလောက်ရှိနေပါပြီ။ ဓာတ်ပုံတွေထဲမှာ “The Waterdrop” ဆိုတဲ့ codename တစ်ခုကို တွေ့ရပြီး အဲ့ဒီနာမည်က အရင်က စမတ်ဖုန်းတွေမှာ တစ်ခါမှာ မတွေ့ဖူးသေးတဲ့ ဒီဇိုင်းတစ်ခုပါ။ ဓာတ်ပုံထဲက ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းနဲ့ ပတ်သက်ပြီး များများစားစား မပြောနိုင်ပေမယ့် ဓာတ်ပုံကတော့ ဖုန်းရဲ့ နောက်ကျောဘက်ကို အနည်းငယ် ဖော်ပြနေတာကိုတွေ့ရမှာပါ။

မီဒီယာ ကုမ္ပဏီ Ice Universe ရဲ့အဆိုအရ “The Waterdrop” ဒီဇိုင်းက “The Three-Body Problem” ဆိုတဲ့ ဝတ္တုထဲက ကော့စမစ်ရောင်ခြည် ကိရိယာတွေ ကို အခြေခံ ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။ စာအုပ်ထဲမှာတော့ အဲ့ဒီ ကော့စမစ်ရောင်ခြည် ကိရိယာတွေကို Waterdrop လို့ခေါ်ပါတယ်။

ဓာတ်ပုံတွေ ကိုကြည့်လိုက်ရင်ပဲ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ဒီဇိုင်းတွေဖြစ်မယ်ဆိုတာ လုံးဝကို သေချာပါတယ်။ ဖုန်းအကြောင်းကို အများကြီးမပြောနိုင်ပေမယ့် ဓာတ်ပုံအရ သူ့မှာ ပါဝါခလုတ်နဲ့ volume rocker တွေ မပါဘူးဆိုတာ သေချာသလောက်ရှိပါတယ်။

သတင်းကောင်းတစ်ခုကတော့ အခု ဓာတ်ပုံထဲမှာတွေ့ရတဲ့ “The Waterdrop”ဒီဇိုင်းကို သိပ်ပြီးစာင့်ဖို့ မလိုတော့ဘူးဆိုတာပါ။ သူ့ကိုမကြာခင်အချိန်မှာ ထုတ်ပြတော့မှာဖြစ်လို့ မင်မင်နဲ့အတူ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့နော်။ Asiaaapps က သူငယ်ချင်းတို့ရော Vivo ရဲ့ “The Waterdrop” ဒီဇိုင်းလေးကို ကြိုက်ကြရဲ့လား ??? 😃😃😃)

Ref: Phonearena

,

Leave a Reply

Your email address will not be published. Required fields are marked *