ရုပ်ရှင် ဝါသနာအိုးတွေအတွက် Letterboxd — Your life in film

ရုပ်ရှင်ကြည့်ခြင်းဟာလည်း စိတ်အပန်းဖြေတဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ Weekend မှာ အေးအေးလူလူအခန်းလေးထဲမှာ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကောင်း ကြည့်ရတဲ့ feeling က တကယ့်ကို အရမ်းမိုက်ပါတယ်။ အဲ့ဒီ ခံစားချက်ကို ရုပ်ရှင်ချစ်သူတိုင်း ခံစားဖူးကြမှာပါနော်…

ရုပ်ရှင်ဇာတ်ကား ကြည့်ဖို့ရွေးချယ်တော့မယ်ဆိုရင် အဓိက လိုအပ်တာက ဇာတ်ကားတစ်ကားလုံးရဲ့အကြောင်းကို ခြုံငုံသုံးသပ်ထားတဲ့ review ပဲဖြစ်ပါတယ်။ ဒုတိယ အရေးကြီးတာကတော့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေပါ။ အဲ့တာကြောင့် ရုပ်ရှင်ဝါသနာအိုးတွေအတွက်Download လုပ်ထားတဲ့ ရုပ်ရှင်ကို တစ်ကားဆိုတစ်ကား အဆီအနှစ်ရှိရှိ ကြည့်နိုင်ဖို့ အတွက် ရုပ်ရှင်ဇာတ်ကားကြောင်းတွေကို အသေးစိတ် ဖော်ပြပေးမယ့် Letterboxd အကြောင်း ပြောပြပေးပါ့မယ်။

Letterboxd က ဟိုးလွန်ခဲ့တဲ့ နှစ်တွေထဲက ထွက်ရှိထားတဲ့ ရုပ်ရှင် အဟောင်းတွေ အကြောင်း သာမက နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင် အသစ်စက်စက်တွေ အကြောင်းကိုပါ အသေးစိတ်ဖော်ပြပေးမယ့် app ဖြစ်ပါတယ်။ Letterboxd ကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက Sign in ဝင်ရမှာပါ။ အကောင့်မရှိသေးရင်တော့ အကောင့်အသစ်တစ်ခုကို free ပြုလုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ profile ကို ပြုလုပ်ပြီးပြီဆိုရင်တော့ နေ့စဉ်နေ့တိုင်း ရုပ်ရှင်ဇာတ်ကား အကြောင်းတွေ ဖတ်ရှုလို့ရပါပြီ။ နေ့စဉ်နေ့တိုင်း ဖတ်ရှုနိုင်တဲ့ အကြောင်းအရာတွေထဲမှာ နိုင်ငံတကာက နာမည်ကြီး ရုပ်ရှင်တွေရဲ့ review တွေ၊ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာ နာမည်တွေ၊ စာရေးဆရာ၊ ထုတ်လုပ်သူ၊ ကြည့်ရှု့သူနှုန်းထားတွေ နဲ့ အခြားအကြောင်း အရာများစွာပါဝင်ပါတယ်။

Trailer တွေလည်း နမူနာ ကြည့်လို့ရပြီး ကိုယ်အရမ်းကြိုက်တဲ့ ရုပ်ရှင်ဖြစ်နေရင် Rating နဲ့ comment review တွေ ဝင်ရေးပေးနိုင်ပါတယ်။ အခြားသူတွေရေးထားတဲ့ comment တွေလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ကြည့်ပြီးသားရုပ်ရှင်တွေထဲက favourite ဖြစ်တဲ့ရုပ်ရှင်တွေအကြောင်း ကို ပြန်လေ့လာနိုင်ရုံတာမက မကြည့်ဖူးသေးတဲ့ ရုပ်ရှင်တွေအကြောင်းကိုပါ သိနိုင်မှာဖြစ်လို့ ရုပ်ရှင် ခရေဇီ လေးတွေအတွက် အရမ်းလန်းတဲ့ app တစ်ခုပါပဲ။


စိတ်ဝင်စားလို့ Letterboxd ကို အသုံးပြု ချင်ရင် App Store နဲ့ Play Store တို့မှာ အခမဲ့ download လုပ်ယူနိုင်ပါတယ်။

 

Image Source – Letterboxd — Your life in film

, ,

Leave a Reply

Your email address will not be published. Required fields are marked *