သာမာန်ထက် ဆယ်ဆ ပိုကျယ်တဲ့ LG G7 ThinQ ရဲ့ speaker

အမြဲတမ်း ဆန်းသစ်တဲ့ feature တွေနဲ့ Smartphone တွေကို ဖန်းတီးထုတ်လုပ်လေ့ရှိတဲ့ တောင်ကိုရီးယား အခြေစိုက် ကုမ္ပဏီ LG ဟာ LG G7 Thin Q ရဲ့ super bright display ကိုမိတ်ဆက်ပြီးတဲ့နောက်မှာတော့ သာမာန် စမတ်ဖုန်း စပီကာတွေထက် ဆယ်ဆပိုကျယ်တဲ့ “Boombox Speaker” အကြောင်းကို ချပြခဲ့ပါတယ်။ “Boombox” ဆိုတဲ့ နာမည်အတိုင်း speaker ရဲ့ အခြေခံ အသံ level ကို bass ပမာဏထက် နှစ်ဆ 6dB ကျော်အထိ တိုးမြှင့်နိုင်မှာပါ။ ဒါ့အပြင် အခြား solid devices (သို့) box တစ်ခုခုနဲ့ချိတ်ဆက်ထားရင်လည်း အသံပို ချဲ့နိုင်သေးတယ်လို့သိရပါတယ်။

LG က Teaser ထဲမှာ အကြောင်းအရာ အပြည့်အစုံကို မဖော်ပြထားသေးပေးမယ့် Boombox Speaker က ဖုန်းထဲမှာ အဓိက ဒီဇိုင်းတစ်ခုအဖြစ် ရှိနေပါတယ်။ ထွက်ရှိထားတဲ့ ဓာတ်ပုံတွေအရ speakerက device ရဲ့ ကိုယ်ထည် တစ်ခုလုံးမှာ နေရာယူထားပါတယ်။

Headphones အသုံးပြုသူတွေ အတွက်လည်း သတင်းကောင်းတွေ ရှိပါသေးတယ်။ အဲ့တာကတော့ LG ရဲ့ အရင်က flashphone တွေလိုပဲ LG Thin Q မှာ High-end headphones အသုံးပြုသူတွေကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ Hi-Fi Quad DAC (Digital to analog converter) feature ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေရဲ့ ပထမဦးဆုံး sound format ဖြစ်တဲ့ DTS X ကိုပါ ထောက်ပံ့ပေးထားတဲ့အတွက် သာမာန် headphone တွေနဲ့ အသုံးပြုရင်တောင်မှ 3D surround sound effect ပေးနိုင်ပါတယ်။

LG G7 Thin Q ကို Aurora Black, Platinum Grey, Moroccan Blue, Moroccan Blue (Matte), Raspberry Rose အရောင် ၆ မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပြီး 6GB RAM နဲ့ 128GB(သို့) 64GB internal storage နဲ့ ထွက်ရှိမယ်လို့ သိရပါတယ်။ Camera က dual-Camera ဖြစ်ပြီး Rear side ကို 16MP နဲ့ 8MP sensors တွေဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

LG ဟာ ၂၀၁၈ ခုနှစ်မှာ ThinQ ဖုန်းအမျိုးအစား ၃ ခု ဖြစ်တဲ့ G7, V35 နဲ့ V40 တို့ကို ထွက်ရှိဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။ အခု “Boombox Speaker” ပါဝင်မယ်လို့ ကြေညာထားတဲ့ G7 က သုံးခုထဲက ပထမဦးဆုံး ထွက်ရှိမယ့် ဖုန်းဖြစ်ပါတယ်။ G7 ThinQ ကို မေလ ၂ရက်နေ့မှာ New York မှာ ဖြန့်ဖြူးတော့မှာဖြစ်ပြီး မေလ၃ရက်နေ့မှာတော့ တောင်ကိုရီးယား (ဆိုးလ်) ကိုရောက်ရှိတော့မယ်လို့ အစောဦးပိုင်း သတင်းတွေ အရ သိရှိ ရပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတွေ ထွက်ရှိခဲ့ရင်လည်းဆက်လက် ဖော်ပြပေးသွားပါဦးမယ်။

 

Via 1, 2

,

Leave a Reply

Your email address will not be published. Required fields are marked *