၂၀၁၈ ခုနှစ်ရဲ့ ဈေးအမြင့်ဆုံး LG ဖုန်းများ

နှစ်စဉ် နှစ်တိုင်း ဘယ်သူသေသေ ငတေ မာပြီးရော ဆိုပြီး ယှဉ်ပြိုင်မှုတွေ အရမ်းပြင်းထန်တဲ့ စမတ်ဖုန်းလောကကြီးမှာ နောက်ဆုံး နာမည် တစ်ခုနဲ့ ကျန်ရှိခဲ့တဲ့ စမတ်ဖုန်း brand ဆိုလို့ လက်ချိုးရေလို့ရသလောက်ကို အနည်းငယ်ပဲ ရှိပါတယ်။ အဲ့ဒီလို လက်ချိုးရေလို့တောင်ရနိုင်မယ့် လူကြိုက်များ စမတ်ဖုန်း အမှတ်တံဆိပ်တွေထဲမှာ LG ကလည်းတစ်ခုအပါအဝင်ပါပဲ။

အခု ၂၀၁၈ ခုနှစ် ထဲမှာ ထွက်ခဲ့တဲ့ ဖုန်းတွေထဲမှာ LG ရဲ့ ဈေးမြင့်စမတ်ဖုန်း ၂ခု ပါဝင်လာခဲ့ပြီး အဲ့ဒီဖုန်း၂ မျိုးစလုံးဟာလည်း စမတ်ဖုန်း ပရိသတ်တွေရဲ့ အာရုံကို အပြည့်အဝကို ဖမ်းစားနိုင်ခဲ့ပါတယ်။ LG ဖုန်းတော်တော်များများဟာ အခြား အပိုင်းတွေထက် အသုံးပြုသူတွေနဲ့ အံဝင်ခွင်ကျဖြစ်ပြီး အသုံးဝင်မယ့် အပိုင်းတွေကို ပိုပြီးအလေးပေး လုပ်ဆောင်ထားတဲ့ ဖုန်းတွေဖြစ်ကြပါတယ်။ အခု ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ LG ရဲ့ လက်ရှိထွက်ရှိထားတဲ့ ဖုန်းအမျိုးအစားတွေထဲက Top-tier ဈေးနှုန်းအမြင့်ဆုံး ဖုန်း ၃ ခု ဖြစ်ပါတယ်။ အကယ်၍သင်က LG ကိုချစ်ပြီး LG ဖုန်းလေးတွေကို စိတ်ဝင်စားတဲ့သူဆိုရင် ခု အကြောင်းအရာလေးကို လုံးဝမကျော်သွားသင့်ပါဘူးနော်။

Top-tier

LG V40 ThinQ

လူတော်တော်များများရဲ့ပြောစမှတ်တစ်ခုတောင်ရှိပါသေးတယ်။ “V” series ဆို LG “Note ” series ဆို LG ပါတဲ့။ သတ်ဆိုင်ရာ အမှတ်တံဆိပ်တွေရဲ့ အဓိက အမျိုးအစားတွေကို ကာရံလေး လုပ်ထားတာပါ။

နှစ်အစောပိုင်းက ကုမ္ပဏီဘက်က အင်အားကြီးပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဖုန်း အမျိုးအစားတွေအဖြစ် “G” series ကို ကုမ္ပဏီရဲ့ “mainstream” ဖုန်းအဖြစ် ထုတ်လုပ်ခဲ့ပါတယ်။ “G” series ကို ထုတ်လုပ်ပြီး နှစ်လယ်လောက်ရောက်တော့ “G” series ထက်ပိုပြီးကောင်း၊ ပိုပြီး နည်းပညာမြင့်တဲ့ “V” series ရောက်ရှိလာပါတော့တယ်။ အဲ့တာကြောင့် လတ်တလော “V” series က အဟော့ဆုံး ဈေးအမြင့်ဆုံး ဖြစ်နေတာပါ။ LG “V” စီးရီးရဲ့ အမျိုး အစားဖြစ်တဲ့ LG V40 ဟာ screen အရွယ်အစား ၆.၄ လက်မ၊ AMOLED screen အချိုးအစား ၁၉:၅:၉ နဲ့ ပါးလွှားပေါ့ပါးတဲ့ ဖုန်းလေးဖြစ်ပါတယ်။ အသုံးပြုရတာ နှစ်သက်ဖို့ကောင်းတဲ့ ပုံစံလေးနဲ့ စုစုပေါင်း ကင်မရာ ၅ ခုတောင်ပါပါတယ်။ ရှေ့ဘက်မှာ ၂ ခုနဲ့ နောက်ဘက်မှာ ၃ ခုပါ။

ရှေ့ဘက်ကင်မရာ နှစ်ခုမှာ တစ်ခုက အဖွဲ့လိုက် ဓာတ်ပုံတွေ အဆင်ပြေပြေ ရိုက်ကူးနိုင်ဖို့ ကြီးမားကျယ်ပြန်တဲ့ super-wide-angle မှန်ဘီလူး ဖြစ်ပါတယ်။ နောက်တစ်ခုက Banana head effect ကို မသုံးချင်သူတွေအတွက် မြင်ကွင်းကို ကျဉ်းပေးမယ့် narrow viewing angle မှန်ဘီးလူးပါ။

နောက်ဘက်မှာ action camera လှုပ်ရှားမှုတွေအတွက် super-wide-angle camera၊ optical zoom အတွက် telephoto lens၊ နှင့် ပုံမှန် main ကင်မရာကို တပ်ဆင်ထားပါတယ်။ ကင်မရာပိုင်းကိုတော့ တော်တော် ပြင်ဆင်ထားတယ်လို့ ပြောရပါမယ်။

ဒါ့အပြင် V40 မှာ Android ဖုန်းတွေအတွက် တော်တော်လေးကိုရှားတဲ့ ချစ်စရာကောင်းတဲ့ haptics ပါရှိပါသေးတယ်။ အားကောင်းတဲ့ hardware၊ စွဲမက်စရာ option တွေနဲ့ ကောင်းမွန်တဲ့ မျက်နှာပြင် တို့က စမတ်ဖုန်းကောင်းတစ်ခု ဖြစ်လာအောင် ထောက်ပံ့ပေးနေတာပါ။ ဈေးနှုန်းက ဒေါ်လာ ၉၂၀ လောက်ရှိပါတယ်။

 

LG G7 ThinQ

LG ရဲ့ ၂၀၁၈ “mainstream” flagship LG G7 ThinQ က လည်း ဈေးအမြင့်ဆုံးဖုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဖုန်းရဲ့ မှန် မျက်နှာပြင်ဟာ ကြီးမား ရှည်လျားပြီး အချိုးအစား ၁၉:၅:၉ အထိရှိပါတယ်။ အနောက်ဘက်မှာ မှန်သားကိုအသုံးပြုထားပြီး frame ကတော့ သတ္တု frame ပါ။ ရေစိုခံနိုင်တဲ့အပြင် ကြီးမားကျယ်ပြန့်တဲ့ wide-angle lens တွေကို သုံးထားပါတယ်။

ဒါ့အပြင် G7 မှာ Google Assistant နဲ့တွဲပြီးသုံးနိုင်မယ့် hardware ခလုတ်လေးတစ်ခုပါရှိပါတယ်။ အဲ့တာလေးက ဖုန်းခေါ်ချင်တဲ့အခါတွေနဲ့ ဖုန်းပိတ်နေလို့ ပြန်ဖွင့်ချင်တဲ့ အချိန်တွေမှာ အသုံးပြုနိုင်မှာပါ။

အကယ်၍သင်က LG ရဲ့ အကောင်းဆုံး စီးရီးတွေထဲက တစ်ခုကိုရွေးချယ်ချင်တယ်ဆိုရင် G7 ကို လုံးဝ စိတ်ကူးမလွဲပဲ ရွေးချယ်သင့်ပါတယ်။ အခုအချိန်မှာဝယ်ယူရင် ဒေါ်လာ ၇၅၀ နဲ့ ဝယ်ယူနိုင်ပါတယ်။

Pros
• LG’s latest and greatest
• Water-resistant
• New Boombox speaker design for enhanced audio
• Wide-angle cameras
• Portrait mode is here
• Multimedia madness: enhancements for photography and videography, quad DAC
• High-fidelity audio recording capabilities
• Night camera mode
• Google assistant button is nice
Cons
• Weak battery life
• Design is uninspiring

 

LG V30S ThinQ

LG V30 s ThinQ က V30 ကို မဆိုသလောက်လေး upgrade မြှင့်ထားတာပါ။ RAM က 6GB ကနေ 4GB အထိရှိပြီး storage ကလည်း 128GB အထိရှိပါတယ်။ အလင်းမှောင်တဲ့နေရာတွေမှာ လှလှပပ ရိုက်နိုင်ဖို့ Night Mode ကဲ့သို AI camera feature အသစ်တွေကိုထည့်ပေးထားပါတယ်။ ဒေါ်လာ ၅၀၀ နဲ့ရောင်းချပြီး ဈေးနှုန်းအနေနဲ့ ကြည့်ရင်တော်တော်လေးကို တန်တယ်ပြောရမှာပါ။ နောက်ဘက်မှာ ကင်မရာနှစ်ခုကို တပ်ထားပြီး LG ရဲ့ အမှတ်အသား super-wide-angle lens နဲ့ ပုံမှန် lens တွေကို သုံးထားတာပါ။ ကိုယ်ထည်လေးကလည်း အရမ်းပါးလွှာ ပေါ့ပါးပြီး အံ့အားသင့်ဖွယ် haptics နှင့် Al “ThinQ” feature တွေကိုလည်းထည့်ထားတာကြောင့်ရွေးချယ်သင့်တဲ့ Top-tier ဖုန်းလေးပါပဲ။

Pros
• Ergonomic, lightweight build
• Water-resistant
• Multimedia madness: enhancements for photography and videography, quad DAC
• High-fidelity audio recording capabilities
• Great battery life
Cons
• A bit bulky
• Harder to find

Via

,

Leave a Reply

Your email address will not be published. Required fields are marked *