တရုတ်စမတ်ဖုန်းစျေးကွက်မှထွက်ခွာသွားပြီဖြစ်တဲ့ LG!

LG ဟာတရုတ်စမတ်ဖုန်းစျေးကွက်မှထွက်ခွာတော့မယ်ဆိုတဲ့အကြောင်းကိုတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၃ ရက်နေ့ကမှ တရုတ်စီးပွားရေးသတင်းငှာနကကြေညာခဲ့တာဖြစ်ပါတယ်။ LG အနေနဲ့အခုလိုရုတ်တရက် တရုတ်စမတ်ဖုန်းစျေးကွက်ကထွက်ခွာသွားမယ်ဆိုတာကတော့ ဇန်နဝါရီလမှာထွက်ရှိခဲ့တဲ့ LG ရဲ့ ၂၀၁၇ အတွက်ရောင်းအားရလဒ် ကြောင့်လို့ပဲဆိုရမှာပါ။ LG Electronics Inc, LG Home Appliance & Air Solutions Company, LG Home Entertainment Company, LG Vehicle Components Company အစရှိတဲ့ တခြားနယ်ပယ်တွေမှာ အမြတ်အစွန်းများစွာရရှိခဲ့ပေမယ့် LG Mobile Communications Company ကတော့ ၁၉၂ မီလီယမ် အထိရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

LG အနေနဲ့ အခုလိုရှုံးနိမ့်မှုကတော့ တရုတ်စမတ်ဖုန်းစျေးကွက်ကို အပြိုင်အဆိုင်ဝင်ရောက်ပြီးတော့မတော်တဆဖြစ်သွားတာပါ။ မတော်တဆဆိုပေမယ့် ၁၉၂ မီလီယမ် အထိဖြစ်သွားတာကြောင့် LG အနေနဲ့အခုလို ဆုံးဖြတ်ချချက်ရတာပဲဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းစျေးကွက်မှာက သူတို့ရဲ့အမိမြေ စမတ်ဖုန်းကုမ္ပဏီ တွေကနေရာယူပြီးသားဖြစ်တာကြောင့် ပြင်ပစမတ်ဖုန်းကုမ္ပဏီတွေအတွက် နေရာရဖို့ကတော်တော်ခက်ခဲလှပါတယ်။

LG ကအခုလို ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်ပြီ ဆိုတော့မကြာခင်ထွက်ရှိမယ့် V30 နဲ့ G7 တို့ကိုတော့ တရုတ်မှာတရားဝင်ဖြန့်ချီတော့မှာမဟုတ်တော့ပါဘူး။ LG ရဲ့ဆုံးဖြတ်ချက်မှန်ကန်မှု ရှိ/မရှိကတော့ စိတ်ဝင်စားစွာဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

 

Source : sohu.com (China), Via

,

Leave a Reply

Your email address will not be published. Required fields are marked *