Apple ရဲ့ ဒီဇိုင်းကို ခိုးခဲ့တာမဟုတ်ဘူးလို့ပြောလာတဲ့ LG

LG ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ flagship တစ်ခုဖြစ်တဲ့ G7 ThinQ ရဲ့ ဒီဇိုင်းမှာ notch display ပါဝင်လာတာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် iPhoneX ဒီဇိုင်း နဲ့ ခပ်ဆင်ဆင်တူသလို ဖြစ်နေပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး LG ရဲ့ စီအီးအို Hwang Jeong-hwan က မေလ(၃)ရက်နေ့က ကျင်းပခဲ့တဲ့ G7 ThinQ ရဲ့ မိတ်ဆက်ပွဲမှာ

“ကျွန်တော်တို့က Apple ထက်အရင် “notch” ဒီဇိုင်း လုပ်ဖို့ စီစဉ်ခဲ့တာပါ”

လို့ပြောခဲ့ပါတယ်။ ဒါ့အပြင် LG က ထိုအရာကို “notch” လိုခေါ်မယ့်အစား screen နေရာ ပိုကျယ်လာတာကို ရည်ညွှန်းတဲ့အနေနဲ့ “second display” လို့ခေါ်ဆိုတာပို နှစ်သက်ကြောင်းကိုလည်း ထပ်မံပြောကြားခဲ့ပါတယ်။

“Notch” ဒီဇိုင်း ဆိုတာကတော့ ဖုန်းမျက်နှာပြင်ရဲ့ ထိပ်အပေါ်ဆုံး အပိုင်းအထိ နေရာယူထားတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပြီး အလယ်မှာ front camera၊ speaker နဲ့ အခြား sensor တွေထည့်သွင်းထားပါတယ်။ Screen ရဲ့ ဧရိယာကို ပိုကျယ်လာစေတဲ့ “Notch” feature ဟာ iPhoneX မှာ ပေါ်ပျူလာဖြစ်လာခဲ့ပြီး နောက်မှာတော့ smart phone လောကမှာ အငြင်းပွားစရာ အကြောင်းအရာ ဖြစ်လာခဲ့ပါတယ်။ Notch ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ Android ဖုန်းတွေလည်း အများအပြား ထွက်ပေါ်ခဲ့ပါတယ်။

LE ဟာ G7 ThinQ ရဲ့ Notch ဒီဇိုင်းအတွက် US ,UK ,Italy နဲ့ Korea က လူအယောက် ၁၀၀၀ကျော်ဆီကနေ survey ကောက်ခဲ့ပါတယ်။ ၃၀ ရာခိုင်နှုန်းပဲ ငြင်းပယ်ခဲ့ပြီး ၇၀ရာခိုင်နှုန်းကတော့ လက်ခံခဲ့ပါတယ်။ LG က iPhone ဒီဇိုင်းကို မခိုးယူခဲ့ဘူးဆိုတာကို 2016 ခုနှစ်မှာပြသခဲ့တဲ့ LG Patent ရဲ့ Smartphone ဒီဇိုင်းတွေကလည်း သက်သေပြနေခဲ့ပါတယ်။

Apple ရဲ့ ဒီဇိုင်းကို မခိုးယူခဲ့ဘူးလို ငြင်းဆန်ခဲ့တဲ့ ကုမ္ပဏီတွေကတော့ LG တစ်ခုတည်းမဟုတ်ခဲ့ပါဘူး။ Huawei ကလည်း iPhone X မထွက်ခင်နှစ်ပေါင်းများစွာကတည်းက သူ့မှာ Notch ဒီဇိုင်းနဲ့ ပတ်သက်ပြီး အကြံရှိခဲ့တာလို့ ပြောခဲ့ဖူးပါတယ်။ အဲ့တာကြောင့် ဘယ်သူတွေက ခိုးပြီး ဘယ်သူတွေက မခိုးတာလဲဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိမယ်လို့ထင်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မိုလ်ဘိုင်းလောကက စိတ်ဝင်စားစရာသတင်းတွေ ထပ်ရှိသေးရင်လည်း Asiaapps ကနေ ထပ်မံ ဖော်ပြပေးသွားပါဦးမယ်နော်…။

 

Via

,

Leave a Reply

Your email address will not be published. Required fields are marked *