V30 ကို AI Feature နဲ့ MWC 2018 မှာမိတ်ဆက်မယ့် LG!

LG အနေနဲ့ AI feature ပါဝင်တဲ့ V30 ကို ၂၀၁၈ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာကျင်းပမယ့် Mobile World Congress (MWC) မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ LG V30 ဟာတော့ ၂၀၁၇ စက်တင်ဘာလ ကမှထွက်ရှိထားတဲ့ Smartphone အမျိုးအစားပါ။  MWC မှာ V30 (AI feature) ကိုတော့ V30 နဲ့မဟုတ်ပဲ “V30+α” ဆိုတဲ့အမည်နဲ့မြင်တွေ့ရမှာပါ။ V30 ရဲ့ Model အသစ်တစ်ခုထွက်ရှိတယ်လို့ပဲဆိုရမှာပါ။

Jo Seong-jin, vice chairman and CEO of LG Electronics, has ordered a revision of the company’s upcoming premium phone, tentatively called the “G7,” possibly pushing its launch to April.
Source :www.theinvestor.co.kr (Korea)

LG ရဲ့အစောပိုင်းအစီအစဉ်ကတော့ MWC မှာ LG G7 ကိုချပြနိုင်ဖို့ပဲဖြစ်ပါတယ်။ သို့သော် “G7 ကိုပြန်လည်ဖန်တီးရမယ်” ဆိုတဲ့ CEO အမိန့်ကြောင့် G7 ကိုမိတ်ဆက်မယ့် အစီအစဉ်တွေပြောင်းလဲသွားရတာပါ။

A rumored image of LG G7

At the CES in Las Vegas on Jan. 11, Jo hinted at a major change in the company’s money-losing smartphone unit, saying, “We will unveil new smartphones when it is needed. But we will not launch it just because other rivals do,” during a press conference.
Source :www.theinvestor.co.kr (Korea)

အပေါ်မှာဖော်ပြထားတာကတော့ Jo Seong-jin ဆိုသူရဲ့ CES 2018 မှာပြောကြားခဲ့တဲ့စကားတွေပါ။ Jo Seong-jin ကတော့ LG Electronics ရဲ့ဘောစိဖြစ်ပြီး “သူကသူ ကိုယ်ကကိုယ်” ဆိုတာကို စကားလုံးတွေနဲ့ သိသိသာသာ ခွဲခြားပြသွားတာဖြစ်ပါတယ်။

Korean reports suggest the new phone will be a product of the partnership between LG and Google with Google Assistant-based AI functions.
Source :www.gsmarena.com

LG အနေနဲ့ MWC မှာမိတ်ဆက်မယ့် V30+α အတွက် AI feature ကိုတော့ google  နဲ့ပူးပေါင်းလုပ်ဆောင်သွားမှာပါ။ အဲ့တော့ V30+α  မှာ Google Assistant-based AI functions တွေပါဝင်မယ်လို့ဆိုရမှာပါ၊

V30+α ဟာဘယ်လို ဒီဇိုင်းနဲ့ ဘာ function တွေထပ်မံပါဝင်မလဲဆိုတာကတော့ ကျွန်တော်တို့အနေနဲ့စောင့်မျှော်နေရတော့မှာဖြစ်ပါတယ်။ V30+α ကို MWC မှာသာတကယ်မိတ်ဆက်ခဲ့ရင် LG G7 ကတော့ မတ်လ မှာတွေ့မြင်ရဖို့ကသေချာသလောက်ပါပဲ။

, ,

Leave a Reply

Your email address will not be published. Required fields are marked *