U.S မှာတရားဝင်ရောင်းချနေပြီဖြစ်တဲ့ LG V30S ThinQ

LG V30S ThinQ ဟာဖေဖော်ဝါရီလမှာ စတင်ကြေညာခဲ့တဲ့ စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး လွန်ခဲ့တဲ့အပတ်အထိ U.S မှာ Pre-order အဆင့်နဲ့သတ်မှတ်ရောင်းချနေတာပဲဖြစ်ပါတယ်။ (Pre-order အဖြစ်စတင်ရောင်းချခဲ့တဲ့ရက်အတိအကျကတော့ ဖော်ပြထားခြင်းမရှိပါဘူး။)

ဒါပေမယ့် LG ဟာပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ V30S ThinQ ကို U.S မှာ Pre-order အဆင့်ကနေ Official အနေနဲ့ သတ်မှတ်ပြီးရောင်းချနေပြီဖြစ်ပါတယ်။ Matte Moroccan Blue, Glossy Moroccan Blue အစရှိတဲ့အရောင်နှစ်မျိုးနဲ့ B&H Online retailer မှာစတင်ရောင်းချနေတာပဲဖြစ်ပါတယ်။ စျေးနှုန်းပိုင်းကတော့ $700 ကျော် (အတိအကျ $729) ပါ။ လက်ရှိမှာတော့ U.S online retailer B&H မှာပဲရောင်းချပါသေးတယ်။

V30S ThinQ ရဲ့အရွယ်အစားဟာ ၆ လက်မအထိရှိနေပြီး 2880 x 1440 OLED display နဲ့ဖန်တီးထားပါတယ်။ ဖုန်းရဲ့အနောက်မှာတော့ LED flash နဲ့တွဲသုံးနိုင်တဲ့ 16MP + 13MP Dual ကင်မရာပါဝင်ပြီး Fingerprint sensor ကိုပါမြင်တွေ့ရမှာပါ။ 4K Ultra HD resolution နဲ့ Video Recording ပြုလုပ်နိုင်မှာဖြစ်ပြီး OS ပိုင်း Android 8.0 Oreo နဲ့ရောက်ရှိလာမှာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ RAM 6GB နဲ့ 128GB storage version တစ်မျိုးတည်းကိုသာ ဝယ်ယူနိုင်ဉီးမှာပါ။

V30S ThinQ ဟာ ၂၀၁၇ တုန်းကထွက်ရှိခဲ့တဲ့ V30 ထက် မြင့်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီး V30 မှာပါဝင်ခဲ့တဲ့ AI software တွေကို တိုးမြှင့်ပြီးထည့်သွင်းထာတာဖြစ်တယ်လို့သိရပါတယ်။ LG fan တွေအတွက်နောက်ထပ်သတင်းကောင်းတစ်ခုရှိပါသေးတယ်၊ အဲ့တာကတော့ G7 ThinQ ကို လာမယ့်အပတ်အတွင်း U.S မှာရောင်းချသွားမယ်ဆိုတာပါပဲ။ စျေးနှုန်းပိုင်းတော့ $700 ဝန်းကျင်လောက်ပဲဖြစ်မယ်လို့ ခန့်မှန်းထားနိုင်ပါတယ်။

 

Source: LG, B&H

,

Leave a Reply

Your email address will not be published. Required fields are marked *